Navigation - link to other main sections from here


Sky-Net ရုပ်သံ လိုင်းသစ် ဒီဇင်ဘာလ ဆန်း၌ ထုတ်လွှင့်ရန် စီစဉ်


မြန်မာ့ဆက်သွယ်ရေး စာတိုက် နှင့် ကြေးနန်း ၀န်ကြီးဌာန၊ ပြန်ကြားရေး ၀န်ကြီးဌာန၊ ရတနာပုံ တယ်လီပို့စ် နှင့် ရွှေသံလွင် မဒီယာ ကုမ္ပဏီ လီမိတက် တို့မှ အကျိုးတူ ပူးပေါင်း၍ Sky-Net ရုပ်သံလိုင်း များကို ဒီဇင်ဘာလဆန်း အတွင်း ထုတ်လွှင့် ပြသ နိုင်ရန် စီစဉ်လျက် ရှိကြောင်း ရွှေသံလွင် မီဒီယာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားသည်။ အဆိုပါ Sky-Net ရုပ်သံလိုင်းကို ဂြိုဟ်တုမှတစ်ဆင့် DTH စနစ်နှင့် MPS စနစ်ဖြင့် မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားသို့ ၀န်ဆောင်မှုပေးသွားမည် ဖြစ်သည်။ DTH မှာ Direct to Home စနစ် ဖြစ်ပြီး မိမိ အိမ်တွင် Channel ပေါင်း ၅၀ ကျော်ကို ကြည့်ရှု ခံစား နိုင်မည် ဖြစ်သည်ဟု သိရသည်။

MPS မှာ Multi Play Service စနစ်ဖြစ်ပြီး DTH တွင် ထုတ်လွှင့်ပြသမည့် Channel များသာမက အင်တာနက်၊ အီးမေး၊ Fax၊ ဖုန်းအစရှိသည့်တို့ကိုပါ တစ်ပြိုင်တည်းကြည့်ရှု အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။ DTH စနစ်အတွက် မိမိ၏နေအိမ်တွင် Sky-Net DTH နှစ်ပေစလောင်းနှင့် Set Stop Box တစ်စုံနှင့် Smart Card တို့ဝယ်ယူရမည်ဖြစ်ပြီး မိမိနေအိမ်ရှိ တီဗွီနှင့် တိုက်ရိုက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ “DTH ထက် MPS ကိုပိုပြီးတော့ သဘောကျနယ်။ DTH ထက်ဈေးတော့ ပိုပေးရနိုင်တယ်။ ကျေးလက်ဒေသပါမကျန် ကြည့်နိုင်တော့ ပြည်သူတွေအနေနဲ့လည်း ဗဟုသုတတိုးပွားတာပေါ့။ ဒါ့အပြင် ရုပ်သံလိုင်းသစ် ကဏ္ဍတွေလည်း တိုးလာနိုင်တယ်။

ဈေးတွေ ကတော့ ကျပ် ကိုးသိန်း ကနေ ၁၂ သိန်းလောက် အထိ ခန့်မှန်းခြေ ရှိနိုင်တယ်” ဟု အဆိုပါ ရုပ်သံလိုင်း နှင့် နီးစပ်သူ တစ်သီးက ပြောပြသည်။ ယခု ထုတ်လွှင့် ပြသမည့် Sky-Net ရုပ်သံလိုင်းကို မြန်မာနိုင်ငံ၏ အခပေး ကတ်စနစ်ဖြင့် ပြသမည့် ဒုတိယမြောက် ရုပ်သံလိုင်းလည်း ဖြစ်သည်။ ထို့ပြင် မြ၀တီ ရုပ်မြင်သံကြားမှ လွဲ၍ မြန်မာ့ ရုပ်မြင်သံကြား ၊ MRTV-4 ၊ မြန်မာ အင်တာနေရှင်နယ်၊ Sky-Net အင်တာ တိန်းမန့် ဟူသော Channel များကို Free to Air စနစ်ဖြင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

၀၄ . ၁၂ . ၂၀၁၀
© 24/7 News

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats