မြန်မာနိုင်ငံ ဝန်ကြီးဌာန များ၏ ဌာန အသီးသီး အောက်ရှိ အခန်း ကဏ္ဍပေါင်း ၅၄ ကဏ္ဍတွင် တာဝန် ထမ်းဆောင်ရန် အတွက် ကိုရီးယား ကျွမ်းကျင်သူ ပညာရှင် များကို တောင်ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီသို့ လျှောက်ထား နိုင်ကြောင်း ယင်းအေဂျင်စီ (KOCIA) ၏ တရားဝင် ထုတ်ပြန်ချက်များ အရ သိရှိရသည်။ “ဝန်ကြီးဌာနက လိုအပ်တဲ့ နေရာနဲ့ လိုအပ်တဲ့ ပညာရှင်ကို မြန်မာနိုင်ငံ အခြေစိုက် KOCIA ရုံးကို လျှောက်ထားရပါမယ်။
KOCIA က လွှတ်ပေးတဲ့ ကိုရီးယားကျွမ်းကျင်ပညာရှင် (Korea Oversea Volunters) တွေဟာ သက်ဆိုင်ရာ ဌာန အသီးသီးမှာ နှစ်နှစ် တာဝန်ထမ်းဆောင်ရပါမယ်။ KOV တွေဟာ မြန်မာနိုင်ငံကို မလာခင်ကတည်းက မြန်မာစကား တစ်လကြိုသင်ခဲ့ပြီး မြန်မာနိုင်ငံကို ရောက်တဲ့အချိန်မှာ နှစ်လထပ်ပြီး သင်ရတဲ့အတွက် ဌာနတွင်းမှာ ဘာသာစကား အခက်အခဲ မရှိနိုင်ပါဘူး”ဟု KOCIA မှ KOV စေလွှတ်ရေး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသို့ ကိုရီးယားကျွမ်းကျင် ပညာရှင်များ စေလွှတ်ခြင်းကို ၁၉၉၇ ခုနှစ်ကတည်းက နှစ်နိုင်ငံအစိုးရ သဘောတူညီမှုဖြင့် စေလွှတ်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ၏ ဝန်ကြီးဌာန ခြောက်ခုတွင် KOV ၂၃ဦး လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ကိုရီးယား ကျွမ်းကျင်ပညာရှင်များကို တောင်းဆိုနိုင်သည့် ကဏ္ဍများမှာ စီးပွားရေးစီမံခန့်ခွဲမှု၊ သိပ္ပံပညာရေး၊ ကလေးသူငယ်အရွယ် မတိုင်မီပြုစုစောင့်ရှောက်ရေး၊ ဂီတ၊ လူငယ်ဖွံ့ဖြိုးမှု၊ ဆေးဝါးကျွမ်းကျင်၊ သွားဘက်ဆိုင်ရာ၊ ပန်းပု၊ မော်တော်ယာဉ် အစရှိသည်တို့ဖြစ်ပြီး နိုင်ငံတော်အ တွက် လိုအပ်သည့် ကဏ္ဍ ပေါင်းစုံသို့ KOV များ စေလွှတ်၍ ကူညီ သွားမည်ဟု အထက်ပါ KOICA ရုံးမှ ပြောကြားခဲ့ ပါသည်။
၀၄ . ၁၂ . ၂၀၁၀
© ပြည်မြန်မာ ဂျာနယ်
|

0 comments:
Post a Comment