Navigation - link to other main sections from here


ကုမ္ပဏီ အမည်ပေါက် ယာဉ်တွေ အမည်ပြောင်းလို့ ရပြီ


မြန်မာ့ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ( MIC ) က ခွင့်ပြုတဲ့ ကုမ္ပဏီ အမည်ပေါက် မော်တော်ယာဉ်တွေ အခွန်ဆောင်ပြီး ပိုင်ရှင် အမည် ပြောင်းလို့ ရပြီလို့ ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရတယ်။ ကုမ္ပဏီပိုင် ယာဉ်တွေက အရင်က ဝယ်ခွန် ပေးဆောင်စရာ မလိုဘဲ အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ ယာဉ် အမျိုးအစားတွေ ဖြစ်တယ်။ အဲသည့်ယာဉ်တွေက တင်သွင်းလာကတည်းက ကုမ္ပဏီအမည်နဲ့ တစ်ဦးတည်း ပုဂ္ဂလိကပိုင်ဖြစ်တယ်။ သည်အတွက် တင်သွင်းလာစဉ်ကအမည်နဲ့ သာထားရှိရမှာဖြစ်တယ်။

အမည်ပြောင်း၊ လွှဲပြောင်းရောင်းချလို့ မရပါဘူး။ ‘အခုနောက်ပိုင်းမှာ အဲဒီယာဉ်တွေက တစ်ဆင့်လွှဲပြောင်း ရောင်းချပြီး ပိုင်ရှင် အမည်ပြောင်းလို့ရပြီ’လို့ ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရတယ်။ ကုမ္ပဏီပိုင်ယာဉ်တွေ ပိုင်ရှင်အမည်ပြောင်း တဲ့အခါ တခြားယာဉ်တွေလိုပဲ ကားတန်ဖိုးဖြတ်ပြီး အဲသည့် တန်ဖိုးတစ်ဝက်ရဲ့ ၁၅ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ပြီး အမည်ပြောင်းလို့ရပါပြီ။ အမည်ပြောင်းတဲ့အခါ ယာဉ်ရဲ့ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံနဲ့ တန်ဖိုးဖြတ်နိုင်ပါတယ်။

အခုလို အဲသည်ကုမ္ပဏီပိုင် ယာဉ်တွေကို ပိုင်ရှင်အမည် လွှဲပြောင်းခွင့် ပြုရတာက တင်သွင်းလာတုန်းကလို လုပ်ငန်းအတွက် အသုံးမဝင်တော့ တဲ့အခါ အဲသည်ယာဉ်ကို တခြားကို လွှဲပြောင်းရောင်းချင်ကြတယ်။ ဒါပေမဲ့ အမည်ပြောင်းလို့ မရတဲ့ ယာဉ်ဖြစ်လို့ ရောင်းသူရော ဝယ်သူပါ အခက်အခဲဖြစ်နိုင်တယ်။ အခုလို အခွန်စည်းကြပ် တန်ဖိုးဖြတ်ပေးလိုက်လို့ ရသင့်ရထိုက်တဲ့ အခွန်တွေရရှိနိုင်သလို ရောင်းသူဝယ်သူ အတွက်လည်း အဆင်ပြေစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီပိုင်ယာဉ်တွေက လုပ်ငန်းသုံးယာဉ် အများဆုံးပါဝင်ပြီး ထရပ်ယာဉ်စတာတွေ အမျိုးအစားအစုံဖြစ်တယ်လို့ သိရပါသည်။

၀၃ . ၁၂ . ၂၀၁၀
© မော်ဒန်ဂျာနယ်

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats