ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီက ဆောင်ရွက် ပေးနေသော အဆင့်မြင့် လမ်းခင်း ပေးခြင်း လုပ်ငန်း များကို ဆက်လက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ကော်မတီ ၏ ပြည်သူ့ ဆက်ဆံရေး နှင့် ပြန်ကြားရေး ဌာန က သိရသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှ စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃ မြို့နယ် တွင် အဆင့်မြင့် လမ်းခင်း ပေးခြင်း လုပ်ငန်းများကို ၂၀၁၀ နှစ်ဆန်း မှ စတင် ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်ပြီး လက်ရှိ၌ ခင်းနေဆဲ လမ်းများ ရှိနေသေးကြောင်း သိရသည်။
ထိုသို့ ခင်းပေးရာတွင် မြို့နယ် ၃၃ မြို့နယ်၌ တစ်ရပ်ကွက်လျှင် တစ်လမ်းနှုန်းဖြင့် ခင်းပေးခြင်းဖြစ်ပြီး အသွား အလာများသော လမ်းများကို အဓိက ခင်းပေးခြင်း ဖြစ်သည်။ လမ်းခင်းရာ၌ ဘိလပ်မြေသယ် ကားများဖြင့် ခင်းပေးခြင်း ရှိသကဲ့သို့ လက်လှည့် ဖျော်စက် များဖြင့် ခင်းပေးခြင်းများလည်း ရှိရာ အများ အားဖြင့် မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းများကို အသင့် ဖျော်ပြီးသား ဘိလပ်မြေ ကားများဖြင့် ခင်းပေးခြင်း ဖြစ်ကြောင်း သိရသည်။ ခင်းလတ်စ ဖြစ်နေသော လမ်းများ ရပ်တန့် နေရခြင်းမှာ ဘိလပ်မြေကား အစီးရေ နည်းနေသောကြောင့် အလှည့် ကျစောင့် နေရခြင်းသာ ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
၀၄ . ၁၂ . ၂၀၁၀
© မြန်မာတိုင်း(မ်)
|

0 comments:
Post a Comment