
ဖြစ်စဉ်မှာ အဆိုပါ အင်တာနက် ဆိုင်ရှိ ထိုင်ခုံအမှတ် (၄) စားပွဲခုံ အောက်တွင် အဝါရောင် ကွန်ပါဘူး အတွင်း၌ အဖြူရောင် C4 ယမ်းတစ်ထုပ်၊ Casio အမျိုး အစား အဖြူရောင် ဒိုင်ခွက်ကြိုး မပါ နာရီ တစ်လုံး၊ Panasonic ဓာတ်ခဲ အသေး တစ်လုံး၊ လက်ကိုင်ဖုန်းသုံး ဓာတ်ခဲပြား တစ်ခု၊ နှစ်လက်မ အရှည်ရှိ ဝါယာကြိုး နီး၊ စိမ်း၊ ဝါ၊ ဖြူ ဝါယာကြိုး ၄ စကို ပူးတွဲလျက်၊ အပြာရောင်ကွန်ပါဘူးအတွင်းမှ အဖြူရောင် C4ယမ်းတစ်ထုပ်၊ အနက်ရောင် ဒိုင်ခွက်လက်ပတ်ကြိုးမပါ Casio နာရီ တစ်လုံး၊ ဒီတိုနီတာ တစ်ခု၊ Panasonic ဓာတ်ခဲ အသေး ၃လုံး ၊ အရှည် နှစ်လက်မခန့်ရှိ ဝါယာကြိုးဖြူ၊ ပြာ၊ စိမ်း၊ နီ၊ နက်၅ ကြိုးပူးတွဲလျက်။ ဂျာနယ်စာစောင်ဖြင့် ထုတ်ထားသည့် အနီရောင်ကွန်ပါဘူးအတွင်း၌ အဖြူရောင် C4ယမ်းတစ်ထုပ်၊ ဓာတ်ခဲအသေး နှစ်လုံး၊ ဒီတိုနီတာတစ်ခု၊ အရှည်နှစ်လက်မခန့်ရှိ နက်၊ စိမ်း၊ နီ ဝါယာကြိုး ၃စပူးတွဲလျက်။ အစိမ်းရောင် ကွန်ပါဘူးအတွင်းမှ အဖြူရောင် C4ယမ်းတစ်ထုပ်၊ အနီရောင်တစ်စတို့အား ပူးတွဲလျက်စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။ အထက်ပါ သံသယရှိသူ ၂ ဦးအား တွေ့ရှိပါက ဖုန်း ၃၇၁၀၄၉ နှင့် ၃၇၁၀၅၄သို့ ဆက်သွယ် သတင်းပေးနိုင်သည်ဟု ကျောက်တံတား ရဲစခန်းမှ ထုတ်ပြန် ထားသည်။
၀၃ . ၁၂ . ၂၀၁၀ © Popular News
|

0 comments:
Post a Comment