Navigation - link to other main sections from here


ဂီရိဒဏ်သင့်များ အတွက် စင်ကာပူ ဖိနပ် ကုမ္ပဏီမှ ဖိနပ် တစ်သောင်း လှူဒါန်း


ဂီရိ မုန်တိုင်း ဒဏ်ခံ ရခိုင်ပြည်နယ် ကျေးရွာ များသို့ စင်ကာပူနိုင်ငံ Crocs - Shoes ကုမ္ပဏီ မှ ဖိနပ် အရန် တစ်သောင်း လှူဒါန်း ခဲ့ကြောင်း အလိုတော်ပြည့် ဂေါပက အဖွဲ့ရုံးမှ သိရသည်။ “ Crocs-Shoes ကုမ္ပဏီက လှူလိုက်တဲ့ ဖိနပ်တွေ နိုဝင်ဘာ ၁၆ ရက်မှာ ရောက် ပါတယ်။ အဲဒီ ကုမ္ပဏီက အလိုတော်ပြည့် က တစ်ဆင့် လှူဒါန်း တာပါ ” ဟု အလိုတော်ပြည့် ဂေါပက အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လှူဒါန်း လိုက်သော ဖိနပ်များကို အလှူရှင်များ ကိုယ်စား အလိုတော်ပြည့် ဂေါပက အဖွဲ့က နိုဝင်ဘာ ၁၇ ရက်တွင် စစ်တွေမှ မြေပုံ ၊ ပေါက်တော နှင့် အရှေ့ ဖရံကာ ကျွန်းဒေသ များသို့ ဖိနပ် များကို မျှဝေ လှူဒါန်း ခဲ့ကြောင်း အလိုတော်ပြည့် အင်တာနက် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းလှူဒါန်းမှု မတိုင်မီ နိုဝင်ဘာ ၁၁ ရက်တွင် အလိုတော်ပြည့် ဆရာတော် ဦးစီးသော စေတနာရှင်များသည် ဂီရိမုန်တိုင်း တိုက်ခတ်ခံရသော ရခိုင်ပြည်နယ် မြေပုံ၊ မင်းပြား၊ ကျောက်ဖြူနှင့် ကျောက်တော်မြို့ များသို့ အလှူငွေနှင့် အထွေထွေ ပစ္စည်းများကို သွားရောက် လှူ ဒါန်းခဲ့ကြောင်း သိရသည။် “စင်ကာပူက လှူဒါန်းလိုက်တဲ့ Crocs ဖိနပ်တွေက စင်ကာပူဒေါ်လာ ၈ဝ လောက်ပေးရတယ်၊ တောင်တက်စီးကောင်းတဲ့ ဖိနပ်တွေ နာမည်ကြီး တံဆိပ်တစ်ခုပဲ” ဟုစင်ကာပူသို့ သွားရောက်ခဲ့ဖူးသူ တစ်ဦးက ပြောသည်။ အောက်တိုဘာ ၂၂ ရက်တွင် ဂီရိမုန်တိုင်း စတင်တိုက်ခတ်ခဲ့ပြီး လူပေါင်း ၄ဝ ကျော် သေဆုံးကာမြို့နယ်နှင့် ကျေးရွာပေါင်း တစ်ရာ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး လယ်ယာမြေနှင့် ရေလုပ်ငန်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။ လက်ရှိ အနေအထားတွင် မုန်တိုင်းဒဏ်သင့် ဒေသများ၌ နိုင်ငံတော်မှ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် NGO၊ INGO အပြင်များနှင့် အလှူရှင်များကလည်း ဆန်၊ စားနပ်ရိက္ခာများ၊ ဆေးဝါးနှင့် အသုံးအဆောင် ပစ္စည်းများ ကူညီထောက်ပံ့လျက် ရှိကြောင်း သိရသည်။


၀၃ . ၁၂ . ၂၀၁၀
© Popular News
မင်းထက်စံ

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats