" နိုင်ငံအတွက် အမျိုးသား ရင်ကြား စေ့ရေးတွက် ဆက်လုပ်မယ်၊ ဒီမိုကရေစီ အစုဖွဲ့တွေနဲ့ ဆက်လုပ်မယ်၊ အတူတူ လက်တွဲ လုပ်ကြမယ်၊ NLD တစ်ခုတည်း မလုပ်ဘူး၊ ပြည်သူက ဘေးက ဝန်းရံ ပေးကြပါ။ ကျွန်မတို့ ပြည်သူတွေနဲ့ အတူ လက်တွဲ လုပ်ကြမယ် "
" ရွေးကောက်ပွဲ ဝင်တဲ့ ဒီမိုကရေစီ အဖွဲ့ဝင် တွေကိုလည်း အမြဲတမ်း တံခါး ဖွင့်ထား ပါတယ်၊ ရွေးကောက်ပွဲ ဝင်တာ၊ မဝင်တာ ဘာမှ မပြောလို ပါဘူး၊ အမြဲတန်း လက်တွဲဖို့ အသင့် ပါပဲ ... "
" အမျိုးသား ရင်ကြား စေ့ရေး အရင် လုပ်မယ်၊ ဘယ်သူနဲ့ မဆို စကား ပြောချင်တဲ့ သူတွေနဲ့ လုပ်ပါမယ်။ ပြည်သူ့ အကူ အညီ လိုအပ် ပါတယ်။ ဘယ်လို လုပ်မယ် ဆိုတာ ပြည်သူကို အသိပေး ပါမယ်။ ဒီကိစ္စကို ဆွေးနွေး ပြီးရင် လုပ်ပါမယ်။ ဒီမိုကရေစီ အစုဖွဲ့တွေနဲ့ အားလုံးနဲ့ အတူ လုပ်ပါမယ်။ ပြည်သူက ဝန်းရံပေးကြပါ "
" ပြည်သူအသံ နားထောင်ချင်ပါတယ်။ ပြည်သူ ယုံကြည်မှု ရအောင် လုပ်မယ် "
" ထိန်းသိမ်းတဲ့ ပုဂ္ဂိုလ်များကို မမုန်းပါဘူး။ ဘာ အာဃာတမှ မရှိပါဘူး။ သူတို့ကို မုန်းဖို့ အချိန်မရှိပါဘူး "
" သတ္တိဆိုတာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တာ ရအောင်လုပ်တာကို သတ္တိလို့ ခေါ်ပါတယ်။ Hero ဆိုတာ စိတ်ဝင်စားရင် ရုပ်ရှင်ကြည့်ပါ။ ကျွန်မ Hero မဟုတ်ဘူး "
" ဒီမိုကရေစီ အခြေခံဆိုတာ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ပါ။ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နဲ့ မတူပါဘူး။ နားလည်အောင် ပြောတတ်ဖို့ အရေးကြီးပါတယ်။ အမြင်ချင်းဖလှယ် ရမယ်။ လေ့ကျင့်ယူရမယ် "
" ပြည်သူတွေက မျှော်လင့်ချက်နဲ့ အားပေးတာဟာ ဝန်ထုပ်ဝန်ထိုးပါ။ ဒါဟာ တာဝန်ကြီးပါတယ်။ ကျွန်မ တာဝန်ကို မကြောက်ပါဘူး။ တာဝန်မကျေမှာကိုပဲ ကြောက်တယ်။ တာဝန်ကျေအောင် ကြိုးစားပါ့မယ်။ ပြည်သူ့တွေက ကူညီကြပါ၊ ထောက်ပြကြပါ။ စေတနာမှန်နဲ့ ထောက်ပြတာ အင်မတန် အထောက်အကူဖြစ်ပါတယ် ... "
" အခု လူတွေလက်ထဲမှာ ကင်မရာဖုန်းတွေ အများကြီးတွေ့ရတယ်။ ဒါဟာ ဆက်သွယ်ရေး တိုးတက်လာတာပါ။ ကျွန်မ မနေ့က ပထမဆုံး သုံးဖြစ်တယ်။ ဖုန်းသုံးတာ ပါးစပ်ကို ဘယ်မှာ ထားရမလဲ မသိဘူး "
" စိတ်ဓာတ် ခိုင်ခိုင်မာမာ ထားကြပါ၊ မြန်မာတွေကို ကောက်ရိုးမီးလို့ ပြောတာ ကျွန်မ မကြိုက်ဘူး၊ လူဖြစ်လာရင် လူ့သိက္ခာ ရှိရမယ်၊ လူ့အခွင့်အရေး ရှိရမယ်၊ လူရယ်လို့ ဖြစ်လာရင် မွေးရာပါ ဂုဏ်သိက္ခာ ရှိတယ်၊ ထိန်းသိမ်းရမယ်၊ တစ်ဖက်သက် မပြောဘူး ... "
ဒေါ်အောင်ဆန်းစုကြည်
NLD ရုံးချုပ်
လူထုသို့ ပထမဆုံး ပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်
၁၄. ၁၁ . ၂၀၁၀
|

0 comments:
Post a Comment