Navigation - link to other main sections from here


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အပေါ် ကမ္ဘာ့ ခေါင်းဆောင် အချို့၏ ဂုဏ်ပြု ပြောဆိုချက်


ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန် မဟုတ်တဲ့ အတိုင်း အတာ တွေနဲ့ အထီးကျန် ဖြစ်အောင်၊ အသံ မထွက် နိုင်အောင် အကျဉ်းချ ခံ ခဲ့ ရပေမယ့် မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ၊ ငြိမ်းချမ်းရေး နဲ့ အပြောင်း အလဲတွေ ပေါ်ထွန်းဖို့ အတွက် ရဲရဲ ဝံ့ဝံ့ပဲ ဆက်လက် တိုက်ပွဲ ဝင်ခဲ့ ပါတယ်။ သူမဟာ ကျွန်တော့် အတွက် သူရဲကောင်း တစ်ယောက်ပါ။ နောက်ပြီး သူမဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ တစ်ဝန်းမှာ အခြေခံ လူ့အခွင့် အရေးတွေ ရရှိအောင် လုပ်ကိုင် နေသူတွေ အားလုံး အတွက် အုတ်မြစ် တစ်ခုပါပဲ။ ကာလ ကြာရှည်စွာ စောင့်ဆိုင်းခဲ့ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုပါတယ်

အမေရိကန်သမ္မတ ဘားရက်အိုဘားမား

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အပေါ် ကြိုဆိုတဲ့ သတင်းတွေ ရှိနေ သော်ငြား များစွာ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်က လတ်တလော ကာလတွင်း ကျင်းပ ပြီးစီး ခဲ့တဲ့ ရွေးကောက်ပွဲမှာ သူမဟာ ပါဝင်ခွင့် မရအောင် တမင် သက်သက် ဘေးဖယ် ခံခဲ့ ရတယ် ဆိုတဲ့ အချက်ပါပဲ။ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်တဲ့ နေရာမှာ မြန်မာ နိုင်ငံသားတွေ အားလုံး သူတို့ ဆန္ဒရှိတဲ့ အတိုင်း လွတ်လပ်စွာ ပါဝင် ပူးပေါင်းခွင့် ရရှိဖို့ လိုအပ် ပါတယ်။ တရား မမျှတမှုနဲ့ ရင်ဆိုင် ရတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဣနြေ္ဒ ဂုဏ်သိက္ခာနဲ့ ရဲစွမ်း သတ္တိ တွေဟာ ကမ္ဘာ တစ်ဝန်း လုံးက ပြည်သူတွေ အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခု ဖြစ်ခဲ့ ပါတယ်'

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့် အရေး ဆိုင်ရာ ကြိုးပမ်း ချက်တွေ အားလုံး အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထင်ရှားတဲ့ အမှတ် သင်္ကေတကြီး တစ်ခုပါ။ သူမရဲ့ စစ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ဇွဲမလျော့ တတ်တဲ့ စိတ်ဓာတ် တွေက အောင်ဆန်းစုကြည် ဆိုတဲ့ သရုပ် သဏ္ဌာန်ကို ဖြစ်စေ ပါတယ်

ဂျာမနီနိုင်ငံ အဓိပတိ အင်ဂျလာမာကဲလ်

ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ဒီမိုကရေစီ နဲ့ လူ့အခွင့် အရေး စတာတွေကို ယုံကြည်တဲ့ ကျွန်တော်တို့ အားလုံး အတွက် လှုံ့ဆော် အားပေး မှုကြီး တစ်ခုပါပဲ။ လွတ်လပ်မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွင့် အရေးပါ။ မြန်မာ အစိုးရ အနေနဲ့ အဲဒါကို မဖြစ်မနေ အတည်ပြုပေး ရပါမယ်

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်မှု ရရှိတဲ့ အတွက်ကြောင့် ဖြစ်ပေါ် နေတဲ့ အခြေ အနေတွေကို ပြင်သစ် နိုင်ငံက များစွာ အလေး အနက်ထား အာရုံစိုက် နေမှာပါ။ သူမရဲ့ အခွင့် အရေး အတွက် လက်သင့် ခံစရာ မလိုတဲ့ အရာတွေ ထဲမှာ သူမရဲ့ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် တွေကို ကန့်သတ် ပိတ်ပင်မယ့် အရာတွေ အားလုံး ပါဝင် ပါတယ်။

ပြင်သစ် သမ္မတ နစ်ကိုးလပ်စ် ဆာကိုဇီ


ဒေါ်အောင်ဆန်းစုကြည် ကန့်သတ် ချုပ်ချယ်မှု မရှိဘဲ လွတ်လွတ် လပ်လပ် လှုပ်ရှား သွားလာခွင့်၊ ထုတ်ဖော် ပြောဆိုခွင့် ရရှိပြီး မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် ထဲမှာ အပြည့် အဝ ပူးပေါင်း ပါဝင်နိုင်ဖို့ ဆိုတာ အခု အချိန်မှာ လွန်စွာ အရေးကြီး နေပါတယ်။ နိုင်ငံရေး ပြစ်မှုနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ အခြား မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကိုလည်း ခြွင်းချက် မရှိ လွတ်ပေးဖို့ ကျွန်တော့် အနေနဲ့ တိုက်တွန်း ပြောဆိုလို ပါတယ်'

ဥရောပ ကော်မရှင် အကြီးအကဲ ဂျို့စ်မန်နျူရယ်လ်ဘရာဆို



၁၄ . ၁၁ . ၂၀၁၀ ©
Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats