Navigation - link to other main sections from here


အက်သံ ထွက်လာ သော်လည်း ၆ ပါတီ မကွဲ လက်ဆက် တွဲမည်


ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးပါတီ အနေဖြင့် ဒီမိုကရေစီ မိတ်ဆွေ ပါတီ များနှင့် ပတ်သက်ပြီး သံသယ ရှင်းသွားပြီ ဖြစ်၍ ဆက်လက် လက်တွဲ သွားမည်ဟု အောက်တိုဘာ ၁၂ ရက်တွင် အမျိုးသား နိုင်ငံရေး အင်အားစု ရန်ကုန်တိုင်း အောင်နိုင်ရေး ရုံး၌ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး ပါတီ မှ အထွေထွေအတွင်းရေးမှူး ဦးသန်းထွန်းက ပြောသည်။ "အန်ကယ်တို့ စိတ်ထဲ မရှင်း မလင်း ရှိတဲ့ ဟာတွေက ဦးလှမောင်ရွှေ NDF ပါတီကို ပို့တဲ့စာ ဖတ်ရလို့ ရှင်းသွားပါပြီ။ မဆို သလောက် သံသယ လေးတွေ ရှင်းသွားတဲ့ အခါမှာ ဆက်လက် လက်တွဲသွား မှာပါ။ အန်ကယ့် နေနဲ့ တစ်ဦးတည်း သဘော တရားကို ပြောတဲ့ အခါ မှာတော့ ပိုပြီးတော့ Effective ဖြစ်တာပေါ့။ ဒါဟာ ကြီးကြီး မားမားလို့ မထင်ဘူး။

ဒီနေ့က စပြီး ကိုယ်တို့ ၆ ပါတီ မှာ သံသယတွေ မရှိ တော့ဘူး။ ဒီနေ့က စပြီး ပြတ်သား ခိုင်မာတဲ့ ယုံကြည် မှုတွေ တည်ဆောက်ပြီး ရှေ့ကို မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ ရရှိဖို့၊ ပါတီစုံ ဒီမိုကရေစီ ထွန်းကားဖို့ တိုင်းပြည်နဲ့ လူမျိုး အတွက်ကို ဘယ်လို ပူးပေါင်းပြီး ထမ်းဆောင် ရမယ်ဆိုတာကို အတူ လက်တွဲပြီး ဆောင်ရွက်ဖို့၊ နောင်မှာ တိုးပွား လာမယ့် လိုလား အပ်သော မျှော်လင့် ထားသော ဒီမိုကရက်တစ် ပါတီများ နှင့်လည်း ဆက်ပြီးတော့ အင်အား တွေကို ပေါင်းစည်း ပြီးတော့၊ နိုင်ငံရေး ဆိုတာ တစ်ယောက်တည်း လုပ်လို့ မရဘူး။ နှစ်ယောက်လည်း မရဘူး။ ဆယ်ယောက်လည်း မရဘူး။ ဆယ့် ငါးယောက်လည်း မရဘူး။ တူညီသော၊ ခံယူချက် ပြတ်သားသော၊ ဖြောင့်မတ်သော စိတ်များဖြင့် ပူးပေါင်း ဆောင်ရွက်သော အင်အားကြီး တစ်ရပ် ဆိုတာ ရှိကို ရှိရမယ်။ အန်ကယ်တို့ ကလည်း အဲဒါကို တည်ဆောက် နေတာ"ဟု ဦးသန်းထွန်းက ဆက်လက်ပြောကြားသည်။

ဒီမိုကရေစီ မိတ်ဆွေ ပါတီများ အနေဖြင့်လည်း နောင်တွင် ပါတီ တစ်ခုနှင့် တစ်ခု မေးစရာ၊ ပြုစရာ ရှိသည် များကို ပွင့်ပွင့် လင်းလင်း နှင့် မေးမြန်း ဖြေရှင်း ခြင်းဖြင့် ရှေ့ဆက် လုပ်စရာ ရှိသည် များကို လက်တွဲ ဆောင်ရွက် သွားမည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု ဥက္ကဌ ဒေါက်တာ သန်းငြိမ်းက ထပ်လောင်း ပြောကြားသည်။ ဒီမိုကရေစီ မိတ်ဆွေ ပါတီများ အဖြစ် ညီညွတ်မှု စယူကာ အောက်တိုဘာ ၂ ရက်တွင် ပူးတွဲ ကြေညာချက် တစ်ခုကို ထုတ်ပြန်ခဲ့ သော်လည်း အောက်တိုဘာ ၆ ရက်တွင် ၎င်း ကြေညာချက်ကို ယာယီ ရပ်ဆိုင်း ထားမည် ဟု ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး ပါတီမှ ထုတ်ပြန် ခဲ့သည်။

၎င်းပါတီ၏ ထုတ်ပြန် ချက်တွင် ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး ပါတီ သည် ထို ပူးတွဲ ကြေညာ ချက်တွင် ပါဝင် လက်မှတ် ရေးထိုး ခဲ့သည့် အခြား ပါတီ များ၏ ငွေကြေး ထောက်ပံ့မှု များနှင့် ပတ်သက်၍ ထုတ်ဖော် ကြေညာချက်များ ထုတ်ပြန်ပြီးသည့် အချိန် အထိ ၎င်း ကြေညာ ချက်ကို ယာယီ ရပ်ဆိုင်း ထားမည်ဟု ဆိုသည်။ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီ၊ ချင်း အမျိုးသား ပါတီ တို့သည် ပါတီ အချင်းချင်း ညီညွတ်မှု စတင်သည့် အနေဖြင့် အောက်တိုဘာ ၁၂ ရက်တွင် ဒီမိုကရေစီ မိတ်ဆွေ ပါတီများ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန် ခဲ့သည်။


၁၉ . ၁၀ . ၂၀၁၀
© Popular Myanmar

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats