
၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ ဆန္ဒမဲ ပေးမှု တွင် မဲခိုးမှု၊ မဲလိမ်မှု စသည့် မသမာမှုများ မရှိနိုင်ဟု ၄င်းက ပြောသည်။
ကော်မရှင် အနေနဲ့ က မဲခိုး၊ မဲလိမ်မှု မဖြစ်အောင် တိတိ ကျကျ လုပ်သွားမယ်။ ဘယ် ပါတီကိုမှ သီးခြား အခွင့် အရေးပေး တာမျိုး၊ ဘက်လိုက်တာမျိုး ဆောင်ရွက်မှာ မဟုတ်ဘူး။ မဲပေးတဲ့ လှျို့ဝှက် ဆန္ဒပြုခန်း ကိုလည်း ဥပဒေပါ ပြဌာန်းချက် တွေနဲ့ အညီ လုပ်သွား ရမယ်။ ဆန္ဒမဲ ပေးတဲ့ ပြည်သူက ကိုယ်ဆန္ဒ ရှိတဲ့ ပါတီကို ကိုယ့် သဘောနဲ့ကိုယ် ဆုံးဖြတ်မဲ ပေးရမယ် ဟု ၄င်းက ဆိုသည်။
ဆန္ဒမဲ ပေးချိန်နှင့် မဲ ရေတွက်ချိန် တွင်လည်း မဲ ဆန္ဒနယ် အလိုက် သက်ဆိုင်ရာ ပါတီများမှ အငြင်းပွား ပြောဆိုမှု နှင့် သံသယ မဖြစ်ပွား စေရန် အတွက် မဲဆန္ဒနယ် အလိုက် ပါဝင် ယှဉ်ပြိုင်သူ၏ ကိုယ်စားလှယ် များက မဲရုံ အသီးသီး၏ ပရ ဝုဏ် အတွင်း၌ စောင့်ကြည့်ခွင့် ရှိကြောင်း ၄င်းကပြော သည်။
ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲလက်မှတ်၌ ကိုယ်စားလှယ်လောင်း အမည်၊ နိုင်ငံရေး ပါတီ အမည်၊ ပါတီ တံဆိပ် နှင့် ဆန္ဒပြုရန် နေရာလွတ်တို့ ပါဝင်မည် ဖြစ်ပြီး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ် များ၏ မဲလက်မှတ် တွင်လည်း အထက်ပါ အတိုင်း ပါဝင်ကြောင်း သိရသည်။
၂ဝ၁ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ စာရင်း ကို မြေပြင် လူဦးရေ စာရင်း ကောက်ယူ စစ်ဆေးမှုဖြင့် ဆောင်ရွက်လျက် ရှိပြီး၊ သတ်မှတ်ကာလ ရောက်ရှိလာ ပါက ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်ရုံး များတွင် အများပြည်သူ မြင်သာအောင် ထုတ် ပြန် ကြေညာ သွားမည် ဖြစ်၍၊ မဲစာရင်း၌ မဲဆန္ဒ္ဒရှင် တစ်ဦး၏ အမည်သည် သက်ဆိုင်ရာ မဲဆန္ဒ္ဒ နယ်မြေတွင်သာ ပါရှိမည် ဖြစ်သော ကြောင့် မဲစာရင်းများတွင် မဲဆန္ဒ္ဒရှင် အမည်များ ထပ်နေခြင်း၊ အကြိမ်ကြိမ် ပါနေခြင်း လုံးဝ မရှိနိုင်ကြောင်း သိရသည်။
ဆန္ဒမဲ ထည့်ရမည့် မဲပုံး များတွင် ပြည်သူ့ လွှတ်တော် အတွက် ဆန္ဒ ပြုရန် မဲပုံး တွင် အစိမ်းရောင် စာသား၊ အမျိုးသား လွှတ်တော် အတွက် ဆန္ဒပြုရန် မဲပုံးတွင် အပြာရောင် စာသား၊ ပြည်နယ် နှင့် တိုင်းဒေသကြီး လွှတ်တော် အတွက် ဆန္ဒပြုရန် မဲပုံးတွင် ခရမ်းရောင် စာသား၊ တိုင်းရင်းသား လူမျိုးကိုယ်စားလှယ် အတွက် ဆန္ဒပြုရန် မဲပုံးတွင် အနီ ရောင် စာသား တို့ဖြင့် ရေးသား၍ သတ်မှတ် ပေးထားမည် ဖြစ်ကြောင်း သိရသည်။
၁၀ . ၁၀ . ၂၀၁၀
သက်ထားဆွေ © Ecovision
|

0 comments:
Post a Comment