Navigation - link to other main sections from here


ဆင်ဆာမဲ့ သီချင်း ခွေများ ကို အဝေးပြေး ကားဂိတ်များ နှင့် သင်္ဘော ဆိပ် များတွင် ရောင်းဝယ်မှု ရှိနေ


ဆင်ဆာမဲ့ သီချင်းခွေ ရောင်းဝယ်မှု များကို သက်ဆိုင်ရာ မှ ထိရောက်စွာ အရေးယူ ဆောင်ရွက် လာသော ကြောင့် မြို့တွင်းရှိ အခွေဆိုင် တချို့တွင် ရောင်းဝယ် မှုများ ပပျောက် သွားသော် လည်း အဝေးပြေး ကားဂိတ် များရှိ အခွေဆိုင် တချို့တွင် ရောင်းဝယ် မှုများ ရှိနေ သေးကြောင်း သတင်း ရရှိ ပါသည်။ တရားမဝင် ခိုးကူးခွေ ရောင်းဝယ်မှု များကို ယခု နှစ် ဇွန် ၁ ရက်နေ့မှ စ တင်ကာ သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူ ဆောင်ရွက် လာသောကြောင့် မြို့တွင်း မြို့ပြင်ရှိ အခွေ အရောင်း ဆိုင်များ နှင့် ဆင်ခြေဖုံး ရပ်ကွက်များ အတွင်းရှိ အခွေဆိုင် များတွင်ပါ ရောင်းဝယ်မှု အသင့် အတင့် ပပျောက် လာကြောင်း သိရှိ ရသည်။

မြန်မာ သီချင်းခွေ ကော်ပီတွေ ရောင်းတာ သိပ် မတွေ့ရ တော့ဘူး။ အခွေဆိုင် တွေမှာ ကိုရီးယား ကားနဲ့ နိုင်ငံခြား ကားတွေ ပဲရှိတယ်။ မြို့ထဲက ဆိုင်တွေ မှာရော ရပ်ကွက်ထဲက ဆိုင်တွေ မှာပါ ရောင်းတာ မတွေ့ရ တော့ဘူး။ ဒါပေမဲ့ အ ဝေးပြေး ကားဂိတ်က အခွေဆိုင် တွေမှာတော့ ရောင်း နေကြတုန်းပဲ။ နယ်ပြန်တဲ့ သူတွေက တစ်ခါတည်း ဝယ်ပြီး ပြန်ကြတာ တွေ့ရ တယ်။ တချို့ အခွေဆိုင်တွေ ကြတော့ အပေါ်ပိုင်းမှာ နိုင်ငံ ခြားခွေတွေ တင်ထားပြီး မြန်မာ သီချင်း ခွေကို ဖွက် ရောင်းတာ တွေ့ရတယ်ဟု အောင်မင်္ဂလာ အဝေးပြေးဂိတ် မှ ခရီးသွား ပြည်သူ တစ်ဦး က ဆိုသည်။

ဆင်ဆာမဲ့ အခွေ ရောင်းဝယ်မှု များကို အောင်မင်္ဂလာ အဝေးပြေး၊ ဒဂုံ ဧရာ အဝေးပြေး၊ ဆင်မလိုက် အဝေးပြေး၊ စော်ဘွားကြီးကုန်း အဝေးပြေး နှင့် ရွှေမန်းသူ အဝေးပြေး ကားဂိတ် များတွင် အဓိက ရောင်းဝယ်မှု ပြုနေ ကြကြောင်း သိရသည်။ သီချင်းခွေ တွေကို သက်ဆိုင်ရာက လိုက်ပြီး ဖမ်းဆီး နေတယ်လို့ ဂျာနယ် တွေမှာ ဖတ်ရတယ်။ သီချင်းခွေ အ သစ်တွေ၊ မူရင်း ခွေတွေကို အမျိုး အစား ခွဲပြီး တစ်ခွေ ၄ဝဝ ကျပ် နှုန်းနဲ့ ရောင်း ပေးမယ်လို့လည်း ဖတ်ရ တယ်။ မြို့ထဲက အခွေ အရောင်းဆိုင်တွေ မှာတော့ အားလုံး နည်းပါး နိုင်ငံခြား ကားတွေပဲ ရောင်းနေကြ တယ်။ ဟိုနေ့က ဒလဘက် ကို အသွားမှာ မြန်မာ သီချင်း ကော်ပီတွေ ရောင်းနေတာ တွေ့ရတယ်။ ရောင်းတဲ့ ပုံစံက ကွမ်းယာရောင်း သလို ဗန်းလေးတွေကို လွယ်ပြီး သင်္ဘောဆိပ်၊ ကားဂိတ် တွေမှာ လိုက်ရောင်းနေ တာ တွေ့ရတယ်။ သီချင်း အခွေတွေ ကလည်း အသစ် အဟောင်း အစုံ ပါတယ်။ တစ်ခွေကို ၂၅ဝ ကျပ်နဲ့ ရောင်းနေ ကြတယ်။ ဖမ်းဆီးရေး တွေရှိလို့ ရောင်း ဝယ်မှု ပုံစံပြောင်း လာတယ် လို့ ထင်ပါတယ် ဟု ကျောက်တံတား မြို့နယ် တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။


၂၅ . ၁၀ . ၂၀၁၀
မျိုးထွန်းနိုင် © ecovision

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats