Navigation - link to other main sections from here


စက်လှေနစ် သေဆုံးသူ ၂၂ ဦး အတွက် ထောက်ပံ့ငွေ သိန်း ၂၂၀ ကျော် ရရှိ


လပွတ္တာ ခရိုင် အတွင်းရှိ ပင်လယ်နှင့် နီးသော ဒေသ တစ်ခု ဖြစ်သည့် စလူဆိပ် ကျေးရွာ အုပ်စုတွင် အောက်တိုဘာလ ၆ ရက် နေ့က ဆရာမများ၊ ကျောင်းသား များနှင့် ဒေသခံ အချို့ အပါအဝင် လူ ၇၉ ဦး တင်ဆောင် လာသော စက်လှေ တစ်စီး နစ်မြုပ်၍ သေဆုံးခဲ့သူ ၂၂ ဦး အတွက် ကူညီ ထောက်ပံ့ငွေ ကျပ် ၂၂၉ သိန်း ရရှိ ထားကြောင်း လပွတ္တာ မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။ အဆိုပါ ထောက်ပံ့ငွေ များကို မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ပညာရေး ဝန်ကြီး ဌာန အပါအဝင် အစိုးရ အဖွဲ့ အစည်းများ၊ လူမှုရေး အဖွဲ့ အစည်းများ၊ လပွတ္တာ အခြေစိုက် ကုမ္ပဏီ များနှင့် ဒေသခံ လုပ်ငန်းရှင် များက ဝိုင်းဝန်း လှူဒါန်း ထားခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

" မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တစ်ဦးတည်းက သိန်း ၁၁၀ လှူထား ပါတယ်" ဟု ၄င်းက ဆိုသည်။ စလူဆိပ် ကျေးရွာမှ ရပ်မိရပ်ဖ ဦးမြင့်နိုင်က ယင်း ထောက်ပံ့ငွေ ကျပ်၂၂၉ သိန်းထဲမှ သေဆုံးသူ ၂၂ ဦး အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်ရှစ်သိန်းခွဲမှ ကိုးသိန်း အထိ ပေးအပ် ထားပြီး ဖြစ်ကြောင်း၊ ရက်လည် ဆွမ်းသွတ်သည့် အောက်တိုဘာလ ၁၂ ရက်နေ့ ကလည်း ရွာရှိ အလယ်တန်းကျောင်း (Cyclone Shelter) တွင် ကွယ်လွန်သူ ၂၂ ဦး အတွက် ရည်စူး၍ ရက်လည် ဆွမ်းကျွေး ခဲ့ကြောင်း၊ ယင်းအတွက် ကုန်ကျစရိတ် လေးသိန်းခန့် ကိုလည်း အဆိုပါ ထောက်ပံ့ ငွေများ ထဲမှပင် ကျခံ သုံးစွဲ ခဲ့ကြောင်း ရှင်းလင်း ပြောဆိုသည်။ "

သေဆုံး သူတွေ အတွက် ထောက်ပံ့ငွေ တွေ ထပ်ပေးဖို့ အစီအစဉ် ရှိပါတယ်" ဟု ၄င်းက ဆိုသည်။ စလူဆိပ် ချောင်းရိုးတွင် အောက်တိုဘာလ ၆ ရက်နေ့က ဖြစ်ပွား ခဲ့သည့် စက်လှေ တိမ်းမှောက်မှု တွင် စလူဆိပ်ရွာမှ ၁၇ ဦး၊ ပဒဲကော ရွာမှ နှစ်ဦးနှင့် ပိတောက်ကုန်း ရွာမှ သုံးဦး စုစုပေါင်း လူ ၂၂ ဦး သေဆုံးခဲ့ ရသည်။

၁၉ . ၁၀ . ၂၀၁၀
© The Voice

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats