
ကတ်ပေါ်မှာ မူတည်ပြီး လိုင်းတွေက ကွာတယ်။ အခု လောလောဆယ် မှာတော့ ဘယ်ကတ်တွေက ဘယ်လိုင်းတွေ ပါပြီး ငွေ ဘယ်လောက် သွင်းရမယ် ဆိုတာ တိတိကျကျ မသိသေးပါဘူး" ဟု တာမွေ မြို့နယ်တွင် ကိုယ်စားလှယ် ရရှိသူ တစ်ဦးက ပြောသည်။ မြန်မာ့ အသံ ရုပ်မြင်သံကြား ဌာန နှင့် ပြည်တွင်းရှိ ရွှေသံလွင် မီဒီယာ ကုမ္ပဏီတို့ ပူးပေါင်း တင်ဆက်မည့် Sky Net ပြည်တွင်း၊ ပြည်ပ ရုပ်မြင်သံကြားလိုင်း အစီအစဉ် များကို ဂြိုဟ်တုမှ တစ်ဆင့် နေအိမ်များသို့ Direct to Home စနစ်ဖြင့် လာမည့် အောက်တိုဘာလတွင် ထုတ်လွှင့် ပြသမည် ဖြစ်ပြီး အခပေး ရုပ်သံလိုင်းများ အတွက် မိမိတို့ ကြိုက်နှစ်သက်ရာ ရုပ်သံလိုင်းကို ကြည့်ရှု နိုင်ရန် မြို့နယ် ကိုယ်စားလှယ် များထံမှ တစ်ဆင့် ရုပ်သံ ဖမ်းစက်၊ နှစ်ပေ စလောင်း ကတ်နှင့် အထက်ပါ ကတ် ၃ မျိုးကို ဝယ်ယူ၍ ကြည့်ရှုရမည် ဖြစ်သည်။
မြို့နယ် ကိုယ်စားလှယ် များထံမှ တစ်ဆင့် ပြန်လည် ၀ယ်ယူ သူများသည် အခမဲ့ ရုပ်သံလိုင်း MRTV-4 ကဲ့သို့ ရွှေသံလွင် မီဒီယာမှ ပြုလုပ်မည့် Sky Net မှ ထုတ်လွှင့်မည့် ပြည်တွင်း အခမဲ့ ရုပ်သံလိုင်းများ ရရှိမည် ဖြစ်ပြီး အခမဲ့လိုင်း မည်မျှ ပါဝင်မည် ကို မသိရှိ ရသေးချေ။ ရုပ်သံလိုင်းများ အတွက် ရောင်းချမည့် ဈေးနှုန်းများကို မြို့နယ် ကိုယ်စားလှယ် များသည် ကုမ္ပဏီက သတ်မှတ်သည့် ဈေးနှုန်း တစ်ခု ရှိမည် ဖြစ်ပြီး ကိုယ်စားလှယ် များသည် ကုမ္ပဏီမှ ကော်မရှင် သဘောမျိုးသာ ရရှိမည်ဟု ကိုယ်စားလှယ် လျှောက်ထား သူများက ပြောသည်။
မြို့နယ် ကိုယ်စားလှယ်များ လျှောက်ထား ရာတွင် ပိုင်ဆိုင်မှု အနေဖြင့် ကုမ္ပဏီ (သို့မဟုတ်) ဆိုင် ရှိရမည် ဖြစ်ပြီး လုပ်ငန်း လိုင်စင်၊ ရဲစခန်းနဲ့ ထောက်ခံစာ မိမိ လျှောက်ထားမည့် မြို့နယ်တွင် အမှန်တကယ် နေထိုင်ကြောင်း ရပ်ကွက် ထောက်ခံစာ၊ မာကက်တင်း ဝန်ထမ်း အင်အား နှင့် ဂြိုဟ်တု လုပ်ငန်းနှင့် ပတ်သက်သည့် အတွေ့အကြုံကိုပါ တစ်ပါတည်း တင်ပြရမည် ဖြစ်သည်။
၈ . ၁၀ . ၂၀၁၀
© True News
|

0 comments:
Post a Comment