မြန်မာ့ လေကြောင်းလိုင်းမှ ဝယ်ယူ ထားသော တရုတ် နိုင်ငံလုပ် MA-60 လေယာဉ် နှစ်စင်း မြန်မာနိုင်ငံရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း လေဆိပ်မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။ " ခုရောက်နေတဲ့ လေယာဉ် တွေကို ပြည်တွင်း ခရီးစဉ်တွေ ပြေးဆွဲဖို့ စီစဉ် နေပါတယ်။ မကြာခင်မှာ ပြေးဆွဲ သွားမှာပါ" ဟု မြန်မာ့ လေကြောင်းလိုင်းမှ တာဝန်ရှိသူက ဆိုသည်။
မြန်မာ့ လေကြောင်းတွင် ယခု လက်ရှိ ATR-72 နှစ်စင်း၊ ATR-42 တစ်စင်း၊ Fokker F-27 နှစ်စင်း၊ F-28 သုံးစင်း ရှိပြီး ယခု ရောက်ရှိနေသော MA-60 လေယာဉ်မှာ ခရီးသည် ၅၂ ဦး ဆံ့ကြောင်း သိရှိရသည်။ မြန်မာ့ လေကြောင်းလိုင်းသည် ပြည်တွင်း ခရီးစဉ် များကိုသာ ပြေးဆွဲ နေပြီး မြန်မာ ပြည်တွင်းရှိ မြို့ပေါင်း ၂၅ မြို့သို့ ပျံသန်း ပြေးဆွဲ နေသော လေကြောင်းလိုင်း တစ်ခု ဖြစ်သည်။
မြန်မာ့ လေကြောင်း လိုင်းသည် တရုတ်နိုင်ငံမှ MA-60 လေယာဉ် သုံးစင်း ဝယ်ယူခဲ့ပြီး ယခုလက်ရှိ လေယာဉ်မှာ နှစ်စင်း ရောက်ရှိ နေပြီး မကြာခင် လေယာဉ် တစ်စင်း ထပ်မံ ရောက်ရှိမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
၈ . ၁၀ . ၂၀၁၀
© True News
© True News
|

0 comments:
Post a Comment