
အင်းစိန် စက်ခေါင်း စက်ရုံ၌ ရထား စက်ခေါင်းများ ထုတ်လုပ် ရာတွင် ပြည်တွင်း၌ ရှိသော စက်ပစ္စည်းများ မြန်မာ အင်ဂျင်နီယာ များဖြင့် စက်ခေါင်းများ ထုတ်လုပ်ပြီး စက်ခေါင်း များကို ရန်ကုန်- မန္တလေး ရထား လမ်း ပိုင်း၊ မြို့ပတ် ရထား လမ်းပိုင်းနှင့် အခြားသော ရထား စက်ခေါင်း လိုအပ်ချက် ရှိသည့် ရထား လမ်းပိုင်း များတွင် အသုံးပြု ပြေးဆွဲ ပေးလျက် ရှိသည်ဟု ၄င်းက ဆိုသည်။
" ဒီစက်ခေါင်း စက်ရုံ တည်ထောင် လိုက်တော့ စက်ခေါင်း လိုအပ်ချက် ထက်ဝက်လောက် သက်သာသွား ပါတယ်။ ဒီစက်ခေါင်း စက်ရုံ တည်ထောင် လိုက်တော့ စက်ခေါင်း လိုအပ်ချက် ထက်ဝက်လောက် သက် သာသွား ပါတယ်။ ဒီစက်ရုံက လက်ရှိမှာ စက်ခေါင်း အမြောက်အမြား မထုတ်လုပ်နိုင် သေးပေမယ့် နောက်ပိုင်း လိုအပ်ချက်တွေ ပြည့်စုံရင် ထုတ်လုပ် လာနိုင်တော့ မှာပါဟု ၄င်းက ဆက်လက် ပြောသည်။
လက်ရှိတွင် အင်းစိန်၌ စက်ခေါင်း ထုတ်လုပ်သည့် စက်ရုံ တစ်ရုံသာ ရှိသေး သောကြောင့် မြန်မာ့ မီးရထားမှ စက်ခေါင်း လိုအပ်ချက် အရ အောက်တိုဘာလ အတွင်း တရုတ် နိုင်ငံ မှ စက်ခေါင်း အလုံး ၃၀ မှာယူ ထားပြီး ယင်း စက်ခေါင်း များကို လိုအပ်သည့် အမြန် ရထား လမ်းပိုင်းများနှင့် မြို့ပတ် ရထားများတွင် အသုံး ပြုသွားမည် ဖြစ်သည်။
အင်းစိန် စက်ခေါင်း စက်ရုံ ၌ ယခင် ၂၀ဝ၉ ခုနှစ်မှ စတင်၍ စက်ခေါင်းများ စတင် ထုတ်လုပ်ခဲ့ပြီး အဆိုပါ စက်ရုံ၌ ရထား စက်ခေါင်း တစ်ခေါင်း ထုတ်လုပ်ရန် လပိုင်း မကဘဲ နှစ်နှင့် ချီပြီး ကြာမြင့်ကြောင်း စက်ခေါင်း ထုတ်လုပ်ပြီး ပါကလည်း စိတ်ချရမှု ရှိစေရန် စမ်းသပ် ပြေးဆွဲမှုကို စတင် ပြုလုပ် သွားသည်ဟု ၄င်းက ထပ်မံ ပြောဆိုသည်။
၈ . ၁၀ . ၂၀၁၀
© True News
|

0 comments:
Post a Comment