Navigation - link to other main sections from here


The Last Airbender ဇာတ်ကားတွင် ပုဂံဘုရား ပုထိုး များ၏ ပုံရိပ် များကို ထည့်သွင်း အသုံးပြု ထား


နာမည်ကျော် ရုပ်ရှင်ကား တစ်ကား ဖြစ်သော The Last Airbender ဇာတ်ကား တွင် ပုဂံ ဘုရား ပုထိုးများ ၏ ပုံရိပ် များကို ထည့်သွင်း အသုံးပြု ထားကြောင်း သိရသည်။ အဆိုပါ ဇာတ်ကားတွင် မြန်မာ့ထေရ၀ါဒ ဗုဒ္ဓ ဘာသာဝင် တို့၏ အထွဋ် အမြတ် ထားရာ ပုဂံဘုရား ပုထိုးများ ဖြစ်သော သဗ္ဗေညု ပုထိုးတော်၊ ဓမ္မရံကြီး ပုထိုးတော် နှင့် အာနန္ဒာ ဘုရား ပုထိုးတော် တို့၏ ပုံရိပ် များကို ထည့်သွင်း အသုံးပြု ထားပြီး ယင်းဇာတ်ကား မှာ မဟာယန ဗုဒ္ဓ ဘာသာကို အခြေခံရိုက် ကူးထားသော ဇာတ်ကားဖြစ်သည်။

ယင်း The Last Airbender ဇာတ်ကား တွင် ဟိန္ဒူ ပါဠိ စကားမှ ဆင်းသက် လာပြီး ဘုရား သခင်၏ ကိုယ်စားလှယ်ဖြစ် သည့် နှစ်တစ်ရာမှ တစ်ကြိမ် ပေါ်ထွန်းသော အဲဗန်ဒါတစ်ဦး ၏ ကမ္ဘာ လောကကြီး အား ကယ်တင် ပုံကို တင်ပြ ထား၍ မဟာယန ဗုဒ္ဓ ဘာသာကို အခြေခံ ထားသည့် ဇာတ်ကားတစ် ကားဖြစ်သည်။

ယင်း ဇာတ်ကားတွင် ဖော်ပြထား ပုံမှာ ကမ္ဘာမြေကြီးတွင် ရေဓာတ်၊ မြေဓာတ်၊ လေဓာတ်၊ မီးဓာတ်ကို အခြေခံသည့် လူမျိုး လေးမျိုးတို့ နေထိုင်ကြပြီး ယင်းမှ မီးဓာတ်ကို အခြေခံ သည့် လူမျိုးက ကမ္ဘာကို အုပ်စိုးရန် ကြိုးစား ရာ၌ မီးဓာတ် လူမျိုးတို့ နေထိုင်ရာ နန်းတော်၏ နောက်ခံ ပုံရိပ်ကို ပုဂံ၏ ပုံရိပ် များဖြင့် သုံးစွဲ ထားသည်။


The Last Airbender Trailer



၈ . ၁၀ . ၂၀၁၀
© Yangon Time


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats