Navigation - link to other main sections from here


NGO နယ်ပယ်သို့ ဝင်ရောက်လို သူများ အလုပ်သင် အထောက် အကူပြု သင်တန်းများ တက်ရောက် ရာတွင် ပညာ အရည် အချင်း အသက် အရွယ် ကန့်သတ်ချက် မရှိဟု ဆို


NGO နယ်ပယ်များ သို့ အလုပ် ဝင်ရောက်လို သူများ အလုပ်သင် အထောက် အကူပြု သင်တန်းများ တက်ရောက် ရာတွင် ပညာ အရည် အချင်း ၊ အသက် အရွယ် ကန့်သတ်ချက်များ မရှိကြောင်း သိရသည်။ ၄င်း သင်တန်းကို ဖွင့်လှစ်ရာ မှာ လုပ်ငန်းခွင် အတွေ့ အကြုံ သဘော သဘာဝ တွေကို သိရှိ စေရန် နှင့် အရည်အသွေး မြှင့်တင် ပေးရန် ရည်ရွယ် ပြီး ဖွင့်လှစ်ကြောင်း သိရသည်။

ဒီသင်တန်းကို ဖွင့်ရတဲ့ ရည်ရွယ် ချက်က NGO အဖွဲ့ထဲ ဝင်ချင်ပြီး အတွေ့ အကြုံ မရှိသေးတဲ့ လူတွေ အတွက်ပါ။ လူတော်တော် များများ ကလည်း ဒီအလုပ်ကို စိတ်ဝင်စားကြတာ တွေ့ရတယ်။ ဒါကြောင့် ဒီ အဖွဲ့ထဲ ဝင်ဖို့ လုပ်ငန်းနဲ့ ပတ် သက်တဲ့ ဗဟုသုတ၊ အတွေ့ အကြုံ လေးတွေ ရှိဖို့ လိုအပ်ပါတယ်။ အသက် အရွယ်နဲ့ ပညာ အရည်အချင်း ကိုလည်း ကန့်သတ် မထားဘူး။ အခြေခံက စပြီး သင်ကြားပေးမှာ ဖြစ်တဲ့ အတွက် တက္ကသိုလ် တက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်ထမ်းတွေလည်း တက်ရောက် နိုင်မှာပါ ဟု အဆိုပါ သင်တန်းမှ မမီမီ က ပြောသည်။

NGO အဖွဲ့ နယ်ပယ်ထဲ ဝင်ရောက်ရန် လမ်းကြောင်း များနှင့် သင်ကြား ပို့ချပေးသော ဆရာ၊ ဆရာမများမှာ လည်း NGO နယ်ပယ်မှ အတွေ့ အကြုံ ရှိသော သူများ ဖြစ်ကြောင်း သိရသည်။ သင်ကြား ပေးမယ့် ဆရာ၊ ဆရာမတွေ ကလည်း ဒီနယ်ပယ် ထဲက ဖြစ်တဲ့ အတွက် သင်တန်းသား တွေကို မေးလ်ပို့ပြီး ထူးခြားတဲ့ သတင်းပို့ ပေးတာ တွေရှိတယ်။ ဒီကနေ သင်တန်း ပြီးရင် လုပ်သက် ရအောင် အလုပ်ဝင် လုပ်နိုင်ပါတယ်။ သင်တန်းကြေးက ၁၅ဝဝဝ ဖြစ်ပြီး တစ်ပတ် ကို လေးရက်နဲ့ ညနေ ၅း၃ဝ နာရီမှ ည ၇း၃ဝ နာရီအထိ ဖွင့်လှစ် သင်ကြား ပေးမှာပါဟု ၄င်းက ထပ်မံ ပြောသည်။ အဆိုပါ သင်တန်းအား စိတ်ဝင်စားပါက ဓနလှိုင်တာဝါ၊ တတိယထပ်၊ အခန်း ၃ဝ၄၊ မြေနီကုန်း၊ ရန်ကုန်မြို့သို့ ဆက်သွယ်နိုင် ကြောင်း သိရသည်။

၁၀ . ၁၀ . ၂၀၁၀
ဆုအိဇာ © Ecovision

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats