Navigation - link to other main sections from here


လူကုန်ကူးခံရသူများ လျော်ကြေး ရနိုင်ရန် ဆောင်ရွက်မည်


လူကုန်ကူးမှု တိုက်ဖျက် ရေးတွင် လိုအပ်ချက် တစ်ရပ် ဖြစ်သော တရားစွဲ ဆိုရေး ကိစ္စရပ် များကို ပီပြင်စွာ ဆောင်ရွက် နိုင်ရန် နှင့် လျော်ကြေးများ ရရှိ နိုင်ရန် သီးသန့် တရားရုံး (TIP court- trafficking in person) ထူထောင်ခြင်း၊ ကျွမ်းကျင် ရဲဝန်ထမ်းများ၊ ဥပဒေ ၀န်ထမ်းများ အား လေ့ကျင့် ပေးခြင်း များကို လာမည့်နှစ် အတွင်း အကောင် အထည်ဖော် နိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန နိုင်ငံ ဖြတ်ကျော် မှုခင်းဌာန (ဌာနမှူး) ရဲမှူးကြီး စစ်အေးက ပြောသည်။

လူကုန်ကူး ခံရသူ များကို ပြန်လည် ကယ်ဆယ်နိုင်ခဲ့ သော်လည်း တရားစွဲဆိုခြင်း အပိုင်းတွင် အားနည်း နေသေးကြောင်းကို ရဲမှူးကြီး စစ်အေးက "လက်ရှိမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူး တပ်ဖွဲ့တွေ နေရာတိုင်းမှာ မရှိသေးဘူး။ နောက်ပြီး အမှုစစ် အရာရှိ တာဝန်ကို သက်ဆိုင်ရာ ရဲစခန်းက အမှုစစ် တွေကပဲ ဆောင်ရွက်တဲ့ အတွက် လူကုန်ကူးမှု စုံစမ်း စစ်ဆေးတဲ့ အပိုင်းမှာ အားနည်း တာတွေ့ရ ပါတယ်။ ဒါတွေကို ပြုပြင် ပြောင်းလဲဖို့ လိုပါတယ်။ နောက်ပြီး အခု အချိန် အထိ တရားရုံး အသီးသီး ကလည်း နစ်နာသူတွေ အတွက် လျော်ကြေး အမိန့် ချမှတ်တာ မရှိသေးတဲ့ အတွက် ဘယ်လို နည်းနဲ့ ဥပဒေ ပြဋ္ဌာန်း အကောင် အထည်ဖော် ရမယ် ဆိုတာရယ်၊ လူကုန်ကူးမှု သီးသန့် တရားရုံး ထူထောင် နိုင်ဖို့ အတွက် ဆောင်ရွက် ရမယ်" ဟု ဆိုသည်။

ထို့ပြင် ဒုတိယ ဌာနမှူး၊ ရဲမှူးကြီး ရာလျန်မုန်း က "တရားခံပြေး တွေကိုလည်း အမြန်ဆုံး ဖမ်းနိုင်ဖို့ လိုပါတယ်။ သူတို့က မဖမ်းမိမချင်း လူကုန်ကူးမှု တွေကို ထပ်ပြီး ကျူးလွန် ကြပါတယ်။ လူကုန်ကူးမှု တာဆီးကာကွယ်ရေး အတွက် လူကုန်ကူးမှု အထူး တပ်ဖွဲ့ဝင် ၁၇၂ ဦးက နေရာပေါင်း ၂၂ နေရာမှာ တာဝန် ထမ်းဆောင်နေ ကြပါတယ်။ ဒါပေမယ့် လုံလောက်မှု မရှိသေးပါဘူး" ဟု ဆိုသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ အထိ မှုခင်းပေါင်း ၅၀၀ ကျော် ဖော်ထုတ် နိုင်ခဲ့ပြီး ပြည်တွင်းမှ တရားခံ ၁,၄၅၅ ဦးကို ဖမ်းဆီးကာ လူကုန်ကူးခံ ရသူ ၁,၂၃၅ ဦးကို ကယ်တင် နိုင်ခဲ့ သော်လည်း တရားခံ ၃၀၀ ကျော် လွတ်မြောက်ဆဲ ဖြစ်ကြောင်း၊ လူကုန်ကူးခံရ သူများ ကို လျော်ကြေးပေး နိုင်ခြင်း လုံးဝ မရှိခဲ့ကြောင်း ရဲမှူးကြီး ရာလျန်မုန်း က ပြောသည်။

လူကုန်ကူး ခံရသူ အချို့မှာမူ အခြား နိုင်ငံများမှ လျော်ကြေး ရရှိကြောင်း မဲခေါင်မြစ်ဝှမ်း ဒေသ အတွင်း လူကုန်ကူးမှု တိုက်ဖျက်သည့် ကုလသမဂ္ဂ စီမံချက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။

၂၆ . ၉ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats