Navigation - link to other main sections from here


ဗြိတိန်နိုင်ငံ အခြေစိုက် အပျော်စီး သင်္ဘော ရန်ကုန် ဆိပ်ကမ်းသို့ လာရောက်မည်


ဗြိတိန်နိုင်ငံ အခြေစိုက် သင်္ဘောလိုင်း Swan Hellenic ၏ စူးစမ်း လေ့လာရေး အပျော်စီး သင်္ဘောသည် ယခုနှစ် အတွက် အရှေ့ ပိုင်း ဒေသ လေ့လာရေး ခရီးစဉ် လက်မှတ်များ ရောင်းချ ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ် အကုန်တွင် အိန္ဒိယ၊ သီရိ လင်္ကာ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာ နိုင်ငံ ရန်ကုန်မြို့ရှိ ဆိပ်ကမ်း များကို ဖြတ်သန်း ပြီး ဗြိတိန် နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာမည်ဟု အဆိုပါ သင်္ဘောလိုင်း သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။

အဆိုပါ သင်္ဘော လိုင်းသည် ၂၀၁၁-၂၀၁၂ ခုနှစ် ဆောင်းရာသီ၌ ယင်းတို့၏ စူးစမ်း လေလ့ာရေး အပျော် ခရီးစဉ်သစ် ထွက်ရှိနိုင်ရန် ကြိုတင် လက်မှတ် များလည်း စတင် ရောင်းချ နေပြီ ဖြစ်သည်။ ထိုခရီးစဉ် တစ်လျှောက်တွင် ဥရောပ မြောက်ပိုင်း၊ မြေထဲ ပင်လယ် ဒေသ၊ ပင်လယ်နက်၊ မြောက်အာဖရိက၊ အာရှနှင့် အရှေ့ အလယ်ပိုင်း နိုင်ငံများ ပါဝင်သည်။ ၂၀၁၁- ၂၀၁၂ ခုနှစ် ဆောင်းရာသီ ခရီးစဉ်သစ်တွင် ဥရောပ၊ အာရှနှင့် အရှေ့ အလယ်ပိုင်း နိုင်ငံများရှိ အသေးစား အပျော်စီး သင်္ဘော များသာ ဆိုက်ကပ် ရပ်နား နိုင်သည့် ဆိပ်ကမ်း သစ်များကို ဖြတ်သန်း သွားမည် ဖြစ်သည်။ ခရီးသည် ၃၂၀ ဦးဆံ့ မီနာဗာ အမည်ရှိ သင်္ဘောသည် ဂရိ နိုင်ငံရှိ ကိုရစ် တူးမြောင်း၊ ဂျာမနီ နိုင်ငံရှိ ကီအယ် တူးမြောင်း၊ မြန်မာနိုင်ငံရှိ ရန်ကုန်မြစ်နှင့် ဗီယက်နမ် နိုင်ငံရှိ ဆိုင်ဂုံ မြစ်သို့ ကူးသန်း သွားလာရန် အတွက်လည်း သင်္ဘော အရွယ်အစားမှာ သေးငယ်မှု သည်ဟု အဆိုပါ သတင်း ဝက်ဘ် ဆိုက်တွင် ဖော်ပြ ထားသည်။


၂၆ . ၉ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats