
သြဂုတ် ၁၈ ရက်မှ အသစ် ထပ်မံ ပြေးဆွဲသော နေပြည်တော်- မော်လမြိုင် ယာဉ် လိုင်းတွင် ဂျပန်ကား ၄ စီးဖြင့် စတင် ပြေးဆွဲလျက် ရှိပြီး ခရီးသည် များပြား လာပါက တရုတ် ကားများ ထပ်မံ တိုးချဲ့ ပြေးဆွဲ သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်- မော်လမြိုင် ယာဉ်လိုင်းတွင် ယခင် ဂျပန်ကား ၅ စီးဖြင့် ပြေးဆွဲ နေရာမှ ခရီးသည် များပြား လာခြင်းကြောင့် တရုတ်ကား ၅ စီး ထပ်မံ တိုးချဲ့ ပြေးဆွဲလျက် ရှိကြောင်း သိရသည်။
“ ကိုရီးယား ကားကို စီးတီး ဘတ်(စ်) သုံးတယ်။ တရုတ် ကားကို အဝေးပြေး သုံးတယ်။ နောက် မကြာခင် ပြေးဆွဲ တော့မယ့် နေပြည် တော်- ဘားအံလိုင်း မှာလည်း ကားသစ် တွေနဲ့ ပြေးဆွဲဖို့ ရှိတယ် ” ဟု ၄င်းက ပြောသည်။ လက်ရှိတွင် ဗန္ဓုလ သယ်ယူ ပို့ ဆောင်ရေးမှ ရန်ကုန် မြို့တွင်းနှင့် နေပြည်တော် မြို့တွင်း၌ စီးတီး ဘတ်(စ်) များ ပြေးဆွဲလျက် ရှိပြီး အဝေးပြေး ယာဉ်လိုင်း များ အနေဖြင့် ရွှေမန်းသူ၊ ရွှေမြိုင်သူ အမည်ဖြင့် မော်လမြိုင်၊ မန္တလေး စသဖြင့် ပြေးဆွဲလျက် ရှိကြောင်း ပေါ်ပြူလာ ဂျာနယ်တွင် ဖော်ပြထားသည်။
၁၉ . ၉ . ၂၀၁၀
|

0 comments:
Post a Comment