ရန်ကုန်မြို့တွင် ချထား ပေးသော ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများကို မြန်မာနိုင်ငံ အထက်ပိုင်းရှိ အချို့သော မြို့များ အထိ သယ်ဆောင် အသုံးပြု နိုင်စေရန် Elite Tech Company Ltd နှင့် မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်းတို့ ပူး ပေါင်း စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း Elite Tech မှ တာဝန် ရှိသူက ပြောသည်။ "မန္တလေး၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ စစ်ကိုင်း မြို့တွေ အထိ အသုံးပြုလို့ ရအောင် စီစဉ် ဆောင်ရွက်နေ ပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လ ကတည်းက စပြီး စီစဉ် နေတာပါ။ ဘယ်တော့ လောက် စပြီး အသုံးပြုလို့ ရမယ် ဆိုတာ ကိုတော့ အတိအကျ မသိသေး ပါဘူး" ဟု ၄င်းက ပြော သည်။ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများကို ရန်ကုန်မြို့နှင့် မန္တလေး မြို့များတွင် ယခုနှစ် ဇန်နဝါရီ လတွင် ချထား ပေးခဲ့ပြီး၊ နေပြည်တော်၊ ပျဉ်းမနား မြို့တွင်လည်း CDMA 450 MHz ဖုန်းများကို ယင်းလ ထဲ၌ပင် တစ်ပြိုင်နက် ချထား ပေးသည်။
ကျောက်ဆည်၊ စဥ့်ကိုင်း၊ စစ်ကိုင်းမြို့ များတွင်လည်း CDMA 800 MHz ဖုန်းများကို ပြီးခဲ့သည့် ဩဂုတ် လတွင် ချထား ပေးလျက် ရှိကြောင်း ၄င်းက ဆက်ပြောသည်။ ကျပ် ငါးသိန်းတန် CDMA 800 MHz ဖုန်းများကို ဝယ်လို အားရှိ သလောက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ Elite Tech Company နှင့် စင်ထရယ် မားကက်တင်းတို့ ပူးပေါင်း၍ ချထား ပေးမည် ဖြစ်သည်။ ကျပ်ငါးသိန်းတန် ဖုန်းနှင့် ပတ်သက်၍ ယခု လက်ရှိတွင် ထွက်ပေါ် နေသော နောက်ထပ်ငွေ သုံးသိန်း၊ လေးသိန်း ထပ်သွင်း ပါက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသို့ သယ်ဆောင် အသုံးပြု နိုင်မည် ဆိုသော သတင်းနှင့် လက်ရှိတွင် ငါးသိန်းတန် ဖုန်းခေါ်ဆိုခ ဈေးနှုန်းများ ကိုလည်း ပြောင်းလဲ ကောက်ခံမည် ဆိုသော သတင်းမှာ မဟုတ် ကြောင်း အထက်ပါ တာဝန် ရှိသူက ပြောကြားကြောင်း True News တွင် ဖော်ပြထားသည်။
၁၉ . ၉ . ၂၀၁၀
|

0 comments:
Post a Comment