မြန်မာ နိုင်ငံတွင် ဥာဏ်တော် အမြင့်ဆုံး ဖြစ်သည့် နှီးဘုရားကြီး စံကျောင်းတော် ရေစက် ချပွဲ နှင့် ပရိယတ္တိ သဒ္ဓမ္မ ပါလ အောင် မြေဘုံသာ သျာမ်း ကျောင်းတိုက် ပြန်လည် ပြုပြင် မွမ်းမံ တည်ထောင်သည့် (၂၅) နှစ် ပြည့် ငွေရတု သဘင် ပွဲတွင် ရှမ်းပြည် နယ်မှ သံဃာတော် အပါး ၅၀၀ ကျော် ပင့်ဖိတ်၍ ခမ်းနားစွာ ကျင်းပ သွားနိုင်ရန် ဆောင်ရွက် နေကြောင်း ပွဲ ဖြစ်မြောက်ရေး အဖွဲ့မှ ဦးနိုင်ကျော်ကျော်က ပြောကြားသည်။
ဆရာတော်ကြီး တွေပင် ဖိတ်ရာမှာ ပင့် သံဃာတော် တွေကို တစ်ကျောင်း ကျပ် ၅၀,ဝ၀ဝ နှုန်း ခရီး စရိတ် လှူဒါန်း သွားမှာပါ။ ရှမ်းပြည် အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်းက ဆရာတော်တွေ အကုန် ပါမှာ ပါဟု ၄င်းက ရှင်းပြသည်။ အဆိုပါ အခမ်းအနားကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်၊ ၂၉ ရက်နှင့် ၃၀ရက်နေ့ တို့တွင် နှီး ဘုရားကြီး ကိန်းဝပ် စံပယ်ရာ မရမ်းကုန်း မြို့နယ် ၉ မိုင်၊ ပြည်လမ်း သျာမ်း ကျောင်းတွင် သုံးရက် တိုင်တိုင် ကျင်းပ သွားမည် ဖြစ်ကြောင်း၊ ပင့်သံဃာများ အတွက် ပါဝင် လှူဒါန်း နိုင်ရန် အာရုံ ဆွမ်း အတွက် ကျပ်ခုနစ်သိန်း၊ နေ့ဆွမ်း အတွက် ကျပ်တစ် ဆယ့် ငါးသိန်း၊ ပင့်သံဃာ တစ်ကျောင်း အတွက် ခရီး စရိတ် ကျပ် ငါးသောင်းစီ၊ သင်္ကန်း တစ်စုံလျှင် ကျပ် ငါးထောင်နှုန်း၊ လွယ်အိတ် တစ်လုံးလျှင် ကျပ် ငါးထောင်နှုန်း သတ်မှတ် လှူဒါန်း နိုင်ကြောင်း ပွဲ ဖြစ်မြောက်ရေး အဖွဲ့ဝင် ဦးစိုင်းထွန်းစိန် (ဘုရင့်နောင် ပွဲရုံတန်း)က ဆိုသည်။
လှူဒါန်း လိုသူများ အနေဖြင့် ကိုးမိုင်၊ သျာမ်းကျောင်း ဖုန်း-၆၆၄၈၈၃ သို့ ဆက်သွယ်၍ လှူဒါန်း နိုင်ကြောင်း အဆိုပါ ကျောင်းတိုက် ထံမှ သိရသည်။ နှီး ဘုရားကြီးကို ၂၀ဝ၅ ခုနှစ် ဧပြီလ ၆ နေ့တွင် စတင် ရက်လုပ် ခြင်း ဖြစ်ပြီး ဇွန်လ ၆ ရက်နေ့တွင် ပြီးစီး ခဲ့သည်။ နှီး ဘုရားကြီး ကိန်းဝပ် စံပယ် တော်မူရန် စံ ကျောင်းတော်ကြီးကို ၂၀ဝ၇ ခုနှစ်တွင် စတင် တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး၊ ၂၀ဝ၉ ခုနှစ် အောက်တို ဘာလ ၂၃ ရက်နေ့ တွင် နှီး ဘုရားကြီးကို စံ ကျောင်းတော်သို့ ပင့်ဆောင် ပူဇော် ခဲ့သည်။ နှီး ဘုရားကြီး၏ ဥာဏ်တော် အမြင့်မှာ ၁၈ ပေ ရှိသည်။ စံ ကျောင်းတော်၏ အမြင့်မှာ အလျား ၈၅ ပေ၊ အနံ ၇၀ ပေ နှင့် အမြင့် ၇၀ ပေရှိ RC နှစ်ထပ် စံကျောင်းတော် ဖြစ်သည်ဟု မှတ်တမ်းများ အရ သိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားသည်။
၁၁ . ၉ . ၂၀၁၀
|

0 comments:
Post a Comment