မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ သည် လာမည့် ၂၀၁၀ ပါတီစုံ အထွေထွေ ရွေးကောက် ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် တော့မည် မဟုတ် ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးဇင်အောင် က စက်တင်ဘာလ ၃ ရက်နေ့က ပြောသည်။ "ကျွန်တော်တို့ ပါတီ ရွေးကောက်ပွဲ မ၀င်ဖြစ်တဲ့ အဓိက အကြောင်းရင်းက ပါတီကွဲသွားတဲ့ အတွက်ရယ်၊ နောက်ပြီး ပါတီ ရင်ဆိုင်နေ ရတဲ့ အထွေထွေ အကျပ် အတည်း ကြောင့်ပါ" ဟု ၎င်းက ပြောသည်။
ကိုယ်စားလှယ်လောင်း တစ်ဦးမျှ တင်သွင်း နိုင်ခြင်း မရှိသော မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ခွဲထွက် ခဲ့သော အဖွဲ့ဝင် ဟောင်းများက ပြည်သူ့ လူ့ဘောင်သစ် ပါတီ အမည်ဖြင့် ပါတီ တစ်ခု ထူထောင် ခဲ့သည်။ ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးက ပါတီဝင် အချင်းချင်း ကြားတွင် သွေးကွဲအောင် သပ်လျှိုဖြိုခွဲ သလို လုပ်ခဲ့ သည့် အတွက် ခုံအဖွဲ့က စစ်ဆေးပြီး တာဝန်မှ ဆိုင်းငံ့ ထားကြောင်း၊ အဆိုပါ အဖွဲ့ဝင်က ပါတီသစ် ထူထောင်ခြင်း ဖြစ်ကြောင်း ဦးဇင်အောင်က ပြောသည်။
ပါတီသစ်တွင် ပါဝင်သော အဖွဲ့ဝင် အများစု မှာလည်း ၎င်းတို့ ပါတီမှ တရားဝင် နုတ်မထွက်ရ သေးကြောင်း ၎င်းက ပြောသည်။ မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီသည် မေလ ၁၉ ရက်နေ့တွင် မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး ယင်းပါတီ မှ ခွဲထွက် ခဲ့သော ပြည်သူ့ လူ့ဘောင်သစ် ပါတီသည် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ကို ဇူလိုင်လ ၂၁ ရက် နေ့တွင် ပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဩဂုတ်လ ၁၇ ရက်နေ့တွင် ပါတီ တည်ထောင်ခွင့် ရရှိ ခဲ့ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။
၁၁ . ၉ . ၂၀၁၀
|

0 comments:
Post a Comment