Navigation - link to other main sections from here


နေပြည်တော်ရှိ ကျပ်ငါးသိန်းတန် ဖုန်းများကို တစ်နိုင်ငံလုံး အနှံ့ သယ်ဆောင် အသုံးပြုနိုင် တော့မည်


နေပြည်တော်တွင် ချထား ပေးလျက် ရှိသော ကျပ်ငါးသိန်းတန် ကမ်းရိုးတန်း ဖုန်းဟု လူသိ များသည့် စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်ဇ် မိုဘိုင်းဖုန်းများကို လာမည့် တစ်လ အတွင်း တစ်နိုင်ငံလုံးသို့ သယ်ဆောင် သုံးစွဲ နိုင်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ထို ဖုန်းများကို မူလက နေပြည်တော် ဒေသ အတွင်းသာ သုံးစွဲနိုင်မည့် Local Mobile အဖြစ် ချထားပေးခဲ့ခြင်း ဖြစ်ပြီး ၀၉-၄၉ နံပါတ်ဖြင့် စတင်သော ဂဏန်း ၁၀ လုံးပါ ဖုန်းများ ဖြစ်သည်။

“ဒီဖုန်းတွေကို Roaming Charges တစ်ခု အနေနဲ့ ကောက်ခံပြီး တနိုင်ငံလုံး သုံးနိုင်အောင် ဖွင့်ပေးသွား မှာပါ။ ဒါပေမယ့် သုံးစွဲခကို လစဉ်ကြေး အနေနဲ့ ကောက်ခံသွား မှာလား၊ ပြောဆိုခ အနေနဲ့ ကောက်ခံ မှာလား ဆိုတာ အတိအကျ မဆုံးဖြတ်ရ သေးပါဘူး” ဟု ၎င်းက ပြောသည်။ အဆိုပါ ဖုန်းများ အတွက် လက်ရှိ ကောက်ခံသည့် ဖုန်းခေါ်ဆိုခမှာ တစ်မိနစ်လျှင် ကျပ်ငါးဆယ် ဖြစ်ပြီး စက်တင်ဘာ ၁ ရက်မှ စတင်ကာ ဖုန်းခေါ်ဆိုခများ အတွက် ကြိုတင် ငွေပေးကတ် စနစ်ကို ပြောင်းလဲ အသုံးပြု ခဲ့သည်။

ထို ဖုန်းများကို တစ်နိုင်ငံလုံး အနှံ့ သယ်ဆောင် အသုံးပြုခွင့် ပေးမည် ဖြစ်သော်လည်း ဖုန်း ကနဦး တပ်ဆင်ခ ကျပ်ငါးသိန်းကို ပြောင်းလဲ သတ်မှတ်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။ ထို ကျပ်ငါးသိန်းတန် ကမ်းရိုးတန်းဖုန်း များကို ပြီးခဲ့သည့်နှစ် အတွင်း စတင် ချထားပေးခဲ့ပြီး သြဂုတ် ၁၀ ရက်နေ့ အထိစာရင်းအရ လိုင်းပေါင်း ၁၀,၀၀၀ ကျော် တပ်ဆင်ပြီး ဖြစ်ကြောင်း သိရှိရသည်။

၁၁ . ၉ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats