မီးလောင် ကျွမ်းခဲ့သော မင်္ဂလာ ဈေးကြီးရှိ ဆိုင်ခန်း အချို့ လာမည့် စက်တင်ဘာလ တွင် ပြန်လည် ဖွင့်လှစ် နိုင်မည်ဟု ခန့် မှန်း ကြောင်း ယာယီ မင်္ဂလာဈေး၏ ဈေးသာယာ ရေး ကော်မတီမှ တာဝန် ရှိသူက ပြောသည်။ အခု လက်ရှိမှာ စတုတ္ထထပ် ကို ဖျက်ပြီး ကွန်ကရစ် လောင်းဖို့ အတွက် စီစဉ် နေတယ်။ ကွန်ကရစ်က လာမည့် လလယ် လောက်မှာ လောင်းပြီးရင် တော့ မြေညီထပ်၊ ပထမထပ် နှင့် ဒုတိယထပ်က ဆိုင်ခန်းတွေ ပြန်ဖွင့်လို့ ရပြီး၊ ပြန်ဖွင့်ခွင့် ပေးမည်ဟု ၄င်းက ဆိုသည်။ ယခုလ ထဲတွင် မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်မှ သံပန်း၊ သံဆန်ခါများ အပြီးသတ် တပ်ဆင်ရန် စာကပ် ထားပြီး လက်ရှိ တွင် စတုတ္ထထပ်နှင့် တတိယ ထပ်တွင် သံပန်း သံဆန်ခါ တပ်ဆင် လိုသော ဆိုင်ခန်း ပိုင်ရှင်များ ငွေပေးသွင်း နိုင် ရန် အတွက် စာရင်း ပေးနိုင်ပြီ ဖြစ်ကြောင်း ကြေညာ ထားသည်။မင်္ဂလာဈေး ပြန်ဖွင့်ဖို့က အရင်ထက် စာရင် တော်တော် နီးလာ ပါပြီ။ လာမည့် လထဲမှာ တချို့ ဆိုင်ခန်းတွေ တကယ် ပြန်ဖွင့် နိုင်တော့မယ် ကြားတယ်။ နောက်လလောက် ပြန်ဖွင့် နိုင်ရင် အစ်မတို့ ဆိုင်ရှင်တွေ အနေနဲ့ ပို အဆင်ပြေတယ်။ ဒီမှာ ပစ္စည်းတွေကို ဆိုင်ဖွင့်ရင် အိမ်က သယ်လာ ရတယ်။ သိမ်း ရင် တစ်ခါ ပြန် သယ် သွားရတော့ ကသီ တယ်ဟု ယာယီ ဈေးသစ်တွင် အထည်ဆိုင် ဖွင့်ထားသော ဒေါ်နီလာက ပြောသည်။ မင်္ဂလာဈေးမှာ လွန်ခဲ့သည့် မေ၂၄ ရက်က မီးစတင် လောင် ကျွမ်းခဲ့ပြီး စတုတ္ထ ထပ် တစ်ထပ်လုံး မီးလောင် ကျွမ်းခဲ့သည်။ ထို့ကြောင့် ဈေးကြီး ပြုပြင် ထားချိန်တွင် မြေညီထပ်၊ ပထမ ထပ်၊ ဒုတိယထပ်၊ တတိယထပ်နှင့် စတုထ္ထထပ် ဆိုင်ခန်း ရောင်း ချသူ များကို ယာယီ မင်္ဂလာဈေးများနှင့် ယခင် မင်္ဂလာဈေး ဘေးရှိ ဘောလုံးကွင်း နေရာ (ယာယီဈေး) မင်္ဂလာ ဈေးသစ်တွင် ဖွင့်လှစ် ပေးပြီး ဆိုင်ခန်းများ နေရာ ချထား ပေးခဲ့သည်။
၂ . ၉ . ၂၀၁၀
|

0 comments:
Post a Comment