Navigation - link to other main sections from here


ကိုရီးယား စီးပွားရေး လုပ်ငန်းရှင် ကိုးဆယ် ရာခိုင်နှုန်းက မြန်မာဘာသာ စကား သင်ယူလာ


မြန်မာ နိုင်ငံတွင် အချိန်ကာလ တစ်ခုကြာ အခြေစိုက် နေထိုင်ပြီး စီးပွားရေး လုပ်ငန်း များ ဆောင်ရွက် လုပ်ကိုင်နေ သော ကိုရီးယား စီးပွားရေး လုပ်ငန်း ရှင်နှင့် တခြား နယ်ပယ်မှ ကိုရီးယား လူမျိုး အများစုသည် မြန်မာ ဘာသာ စကားအား နားလည် ပြောဆို နိုင်ရန် သင်ကြားမှုမှာ ယခင်ထက် မြင့်တက် လာကြောင်း ကိုရီးယား ဘာသာ စကား သင်ကြား နေသူ များက ပြောဆိုသည်။

မြန်မာနိုင်ငံမှာ အချိန် အတန်ကြာ နေထိုင်တဲ့ ကိုရီးယား စီးပွားရေး လုပ်ငန်း ရှင် ၉၀ ရာခိုင်နှုန်း နီးပါးက မြန်မာ ဘာသာ စကားကို သင်ယူမှု ရှိလာတယ်ဟု ကိုရီးယား စကားပြန်နှင့် ဘာသာပြန် လုပ်ကိုင် နေသူ မအိမ်ဆည်းဦးက ပြောသည်။ မြန်မာ ဘာသာ စကား သင်ယူရာတွင် ကိုရီးယား စီးပွားရေး လုပ်ငန်း ရှင်များ အပြင် ကိုရီးယား သံရုံး ဝန်ထမ်းများ၊ လူမှုရေး လုပ်ငန်း၊ ဆောင်ရွက် နေသော KOIGA ဝန်ထမ်းများ၊ နိုင်ငံ ခြား ဘာသာ တက္ကသိုလ်မှ ကိုရီးယား ဘာသာစကား သင်ကြား ပို့ချသည့် ဆရာများလည်း ပါဝင်ကြောင်း ၄င်းက ဆိုသည်။ ကိုရီးယား သံရုံးနဲ့ နီးစပ်တဲ့ ကိုရီးယား လူမျိုး (၁၀) ဦးမှာ (၃) ဦးက မြန်မာ စကား သင်ယူမှု ရှိလာတယ်။

သူတို့ တွေရဲ့ သင်ယူမှုက တစိုက် မတ်မတ် ရှိတာ တွေ့ရတယ်။ တစ်ခါတလေ ဆိုရင် မြန်မာ အချင်းချင်း ပြောတဲ့ ဗန်းစကား ကိုတောင် ပြောတက် လာကြတယ်ဟု Korea International Cooperation Agency (KOICA) မှ မခိုင် အေးငြိမ်းက ကိုရီးယား လူမျိုး များ၏ မြန်မာ ဘာသာ စကား သင်ယူမှု အခြေအနေ တချို့ကို ပြောသည်။ မြန်မာနိုင်ငံတွင် လူမှုရေး လုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင် နေသော KOICA မှ ကိုရီးယား ဝန်ထမ်းများသည် လုပ်ငန်းခွင်သို့ မဝင်ရောက်မီ နှစ်လတာ ကာလ ပတ်လုံး တစ်နေ့လျှင် ၈ နာရီကြာ မြန်မာ ဘာသာ သင်ယူမှု လေ့လာ ရကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

ရုံး လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်များ ပြောဆို ဆက်ဆံရာမှာ အင်္ဂလိပ် ဘာသာ စကားကို အဓိက ကြားခံ သုံးစွဲမှု ရှိတယ်။ ရုံးနဲ့ မသက်ဆိုင်တဲ့ အကြောင်း အရာများကို ပြောဆိုရာမှာ ကိုရီးယား လူမျိုးများက မြန်မာ စကားကို ပြောဆို ကြတယ်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောဆိုသည်။ မြန်မာနိုင်ငံတွင် မြန်မာ စကား သင်ကြားသော ကိုရီးယား လူမျိုး အရေအတွက်ကို အတိ အကျ စာရင်း ပြုစု ထားချက်များ မရှိပေ။ ကိုရီးယား လူမျိုး အချို့သည် မြန်မာ စကားကို မြန်မာ လူမျိုး တစ်ဦးကဲ့သို့ ပြောဆို သုံးနှုန်း နိုင်သည့် ကျွမ်းကျင်မှု ရှိသည်။ မြန်မာနိုင်ငံတွင် ကိုရီး ယား ရုပ်သံ ဇာတ်လမ်းတွဲ ထုတ်လွှင့် မှုကို ၂၀ဝ၀ ပြည့်နှစ် အကျော်တွင် စတင်ခဲ့ ပြီးနောက် ကိုရီးယား ယဉ်ကျေးမှုနှင့် ဝတ်စား ဆင်ယင်မှုသည် မြန်မာ လူငယ်များ အကြားတွင် သက် ရောက်မှုများ ပိုမို ရှိလာကြောင်း True News ဂျာနယ်တွင် ဖော်ပြ ထားသည်။


၃ . ၉ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats