
”ရွှေတိဂုံ စေတီတော် က ဂေါတမ မြတ်စွာဘုရား ပွင့်ပြီး ၁ဝ လကြာ မှ ဘုရား တည်လို့ ပြီးစီး ခဲ့တာ။ အဲဒီ အချိန် ကနေ ခုထိ တည်ရှိနေတဲ့ ဘုရား တစ်ဆူ ဖြစ်တာကြောင့် တစ်ကမ္ဘာလုံး ကျယ်ကျယ် ပြန့်ပြန့် သိစေ ချင်တယ်။ ရွှေတိဂုံ ဘုရားရဲ့ သက်တမ်းက သာသနာသက္ကရာဇ် နဲ့ အတူတူပဲ။ အဲဒါကြောင့် ၂ဝ၁၂ သာသနာ သက္ကရာဇ် ၂၆ဝဝ ပြည့် ချိန်မှာ ရွှေတိဂုံေ စတီတော်ရဲ့ သက်တမ်း ကလည်း ၂၆ဝဝ ပြည့်ပြီ။ အဲဒါကြောင့် ဗုဒ္ဓဘာသာ တိုင်းပြည်တွေသာ မက ကမ္ဘာ့ နိုင်ငံတွေ ကိုလည်း ဖိတ်ကြားပြီး ခမ်းခမ်း နားနား ကျင်းပသွား မှာပါ” ဟု ပြောသည်။
စေတီတော်ကြီး နှင့် ပတ်သက်သည့် သမိုင်းကြောင်း များနှင့် သိမှတ် ဖွယ်ရာ များကို ၂ဝဝ၉ ခုနှစ်မှ စ၍ ဝက်ဘ်ဆိုက် လွှင့်တင် ထားခဲ့ပြီး စေတီတော်ကြီး ၌ ရာသီ အလိုက် ကျင်းပ ပြုလုပ်သည့် ပွဲတော် များကို အချိန်နှင့် တစ်ပြေးညီ ဖော်ပြ ပေးနေသည်ဟု သိရသည်။ ထို့အပြင် စေတီတော်ကြီး၏ သမိုင်းကြောင်းနှင့် ပတ်သက်၍ ဧည့်လမ်းညွှန် များက ကမ္ဘာ့လှည့် ခရီးသည် များကို ရှင်းပြ ရာတွင် ကွဲလွဲ မှုများ မရှိစေရန် ရွှေတိဂုံစေတီ ဂေါပက အဖွဲ့ဝင် များက ဘုရား သမိုင်း နှင့်ပတ်သက်၍ ဟောပြော ပို့ချပေး နေသည်ဟု သိရသည်။ ရွှေတိဂုံ စေတီတော်ကြီးသို့ ကမ္ဘာလှည့် ခရီးသည်များ နေ့စဉ် လာရောက် လေ့လာလျက် ရှိပြီး ထိုင်းနိုင်ငံသား များအများဆုံး လာရောက်ကြသည် ဟု သိရကြောင်း ပေါ်ပြူလာ ဂျာနယ်တွင် ဖော်ပြထားသည်။
၁၂ . ၈ . ၂၀၁၀
|

0 comments:
Post a Comment