
''လူကို ကူးစက်ပြီး အန္တရာယ်ရှိ စေနိုင်တဲ့ အကောင် တွေကို ဦးစားပေး အနေ နဲ့ ရှင်းလင်း သုတ်သင်မှု ပြုတယ်။ အခု ဆိုရင် တချို့ ဈေးတွေမှာ ကြွက်တွေ အုပ်လိုက်ကျ လာတဲ့ အတွက် အရင်ကထက် ပိုပြီး သန့်ရှင်း အောင် လုပ်ဆောင် နေရတယ်''ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။ ဈေးကြီးများတွင် တစ်လလျှင် တစ်ကြိမ်ခန့် ကြွက်၊ ခွေးလေ ခွေးလွင့် နှင့် ကျီးကန်း အစရှိသည့် တိရစ္ဆာန် များကို မြို့တော် စည်ပင်ရှိ ဈေးများ ဌာန နှင့် တိရစ္ဆာန် ဆေးကုနှင့် သားသတ် ဌာနတို့ ပူးပေါင်းဆောင် ရွက်ကာ နှိမ်နင်းလျက် ရှိကြောင်း သိရသည်။
ဆက်လက်၍ ဈေးကြီး တစ်ဈေး မှ ဈေးဌာနမှူး တစ်ဦး ကလည်း ''ဥပမာ သီရိမင်္ဂလာလို ဈေးမျိုး တွေမှာ ကြွက်သိပ် မဖမ်းမိဘဲ အောက်မှာ မြေကြီး ပေါ်မှာ တည်ထားတဲ့ ဈေးမျိုး တွေမှာ ကြွက်များများ ဖမ်းမိတယ်၊ ခွေးနဲ့ ကျီးကန်း အရေ အတွက် ကတော့ နည်းပါတယ်''ဟု ဆိုသည်။
ယင်းကဲ့သို့ ဖမ်းဆီး ရမိသည့် တိရစ္ဆာန် များကို တစ်လ တစ်ကြိမ် စာရင်း ပြုစု ထားကြောင်း ဖမ်းမိသည့် ပမာဏ တစ် ကြိမ်ထက် တစ်ကြိမ် ပိုလျော့ကျ စေရန် အဓိကထား ရည်ရွယ် လုပ်ဆောင် သည်ဟု သိရသည်။ ''ကျီးကန်း ကိုတော့ မြို့ထဲက ဈေး တွေမှာ လိုက်ရှင်းတာ ပိုများတယ်။ ဈေးတွေ အနေနဲ့ ရောဂါဘယ တွေကို ကြိုတင်ကာ ကွယ်မှု လုပ်တဲ့ အနေနဲ့ သား၊ ငါးတန်း တွေမှာ ထုံးဖြူးတာ၊ အနံ့ပျောက် ဆေးရည်(ဖနီး) ဖြန်းတာတွေ အမြဲ လုပ်ဆောင် နေတယ်'' ဟု ဆက်လက် ပြောသည်။
ရန်ကုန် မြို့တော် စည်ပင်သာယာ လက်အောက်ရှိ ဈေးပေါင်း ၁၆၈ ဈေး ရှိပြီး ခရိုင် လေးခု ခွဲခြား ထားကာ ဆောင် ရွက် နေသည်ဟု ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။
၁၆ . ၈ . ၂၀၁၀
|

0 comments:
Post a Comment