Navigation - link to other main sections from here


အင်းစိန် ဗဟို အကျဉ်းထောင် အတွင်း အမှတ် (၂၅) အခြေခံ ပညာ မူလတန်းကျောင်း ဖွင့်လှစ်ထား


အင်းစိန် ဗဟို အကျဉ်းထောင် အတွင်း ဖွင့်လှစ် ထားသည့် အမှတ် (၂၅) အခြေခံ ပညာ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) ကို ( ၂ဝဝ၄ / ဝ၅ ) ပညာသင် နှစ်မှ စ၍ ပညာရေး ဝန်ကြီး ဌာန နှင့် ပူးပေါင်း ဖွင့်လှစ်ကာ (၂ဝဝ၉ / ၁ဝ) ပညာသင်နှစ် အထိ နှစ်အလိုက် ပညာ သင်ကြား ခဲ့သူ အကျဉ်းသား / သူဦးရေ စုစုပေါင်း (၅၁၃) ဦး ရှိကြောင်း စုံစမ်း သိရသည်။ ယင်း အမှတ် (၂၅) ပညာသင် ကျောင်းသည် ပြင်ပ၌ ပညာသင် အရွယ်များ ဖြစ်ကြသည့် ကုသိုလ်ကံ အခြေ အနေကြောင့် ပညာ သင်ကြားခွင့် မရခဲ့ ကြသော ဝမ်း တစ်ထွာ အတွက် ရှာဖွေ စားသောက် ကြရင်း နိုင်ငံတော်မှ ပြဋ္ဌာန်း ထားသည့် တည်ဆဲ ဥပဒေ များကို ချိုးဖောက် မိကာ အင်းစိန် ဗဟို အကျဉ်းထောင် အတွင်းသို့ ထိန်းသိမ်း ထားရှိရန် ရောက်လာခဲ့ ကြသော လူငယ်များ နှင့် အသက် (၁၈) နှစ် အောက် ကလေးငယ် များကို ပညာ သင်ကြား ပေးကြောင်း အကျဉ်း ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ် ကျခံ နေရသည့် အကျဉ်းသူ / သားများ ထဲမှ ပညာ သင်ကြား ရေးတွင် ဝါသနာ ပါသည့် အကျဉ်းသူ / သားများ က ဆရာ / ဆရာမ အဖြစ် ယင်း အမှတ် (၂၅) အခြေခံ ပညာ မူလတန်း ကျောင်းတွင် ပညာ သင်ကြား ပေးကြောင်း၊ ထို့အပြင် အင်းစိန် မြို့နယ် အတွင်းရှိ ကျောင်းများမှ ဆရာ၊ ဆရာမ များက အချိန်ပို ပညာ သင်ကြား ပြသ ပေးကြောင်း ၄င်းက ဆက် လက်ပြော ပြသည်။

ပြင်ပမှ အချိန်ပို ပညာ သင်ကြား ပြသပေး ကြမည့် အင်းစိန်မြို့နယ် အတွင်းရှိ ကျောင်းများ မှ ဆရာ / ဆရာမများ နှင့် ပြစ်ဒဏ်ကျခံ နေရသည့် အကျဉ်းသူ / သား၊ ဆရာ / ဆရာမများ၊ ကျောင်းသား / သူများ၏ မိတ်ဆက် ဂုဏ်ပြုပွဲ အခမ်း အနားကို သြဂုတ် (၁၄) ရက်နေ့၌ ကျင်းပခဲ့ ကြောင်း၊ အင်းစိန် ဗဟိုအကျဉ်းထောင် အတွင်း ဖွင့်လှစ် ထားရှိသည့် အဆိုပါ ကျောင်း၏ ရည်ရွယ် ချက်သည် အကျဉ်းထောင်မှ လွတ်မြောက်သည့် အခါ လူငယ် ၊ လူရွယ် များကို လူကောင်းများ ဖြစ်လာ စေရန် နိုင်ငံတော် အတွက် တစ်ဖက် တစ်လမ်းမှ အထောက် အပံ့ဖြစ် စေရန်၊ အကျဉ်းသား များ၏ စာရိတ္တများကို ပြုပြင် ပြောင်းလဲ ပစ်ရန်၊ ပြည်သူ့ အကျိုးပြု ရည်ရွယ် ချက်များနှင့် တကွ မျက်မှောက် ကာလ၏ ပညာခေတ် စိန်ခေါ်မှု များကို ရင်ဆိုင် နိုင်ရန် ဖွင့်လှစ်ကြောင်း အကျဉ်း ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ထပ်မံ ပြောပြခဲ့ ကြောင်း လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြထားသည်။ နှစ်အလိုက် ပညာ သင်ကြား ခဲ့သည့် အကျဉ်းသား / သူ ဦးရေမှာ အောက်ပါ အတိုင်း ဖြစ်ကြောင်း သိရှိ ရသည်။




၂၄ . ၈ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats