Navigation - link to other main sections from here


ရတနာပုံ ဆိုက်ဘာ စီးတီးတွင် အင်ဂျင်နီယာဘွဲ့ သင်တန်းကျောင်း စတင် ဖွင့်မည်


ထိုင်း နိုင်ငံ အခြေစိုက် တက္ကသိုလ် တစ်ခု ဖြစ်သော နိုင်ငံတကာ အဆင့်မီ Asian Institute of Technology နှင့် MCC Training Institute (ရတနာပုံ) တို့ ပူးပေါင်း၍ အင်ဂျင်နီယာဘွဲ့ သင်တန်း ကျောင်းကို ရတနာပုံ မြို့သစ်၌ စက်တင်ဘာလ ထဲတွင် စတင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျောင်းနှင့် ပတ်သက်၍ ဟောပြောပွဲ တစ်ရပ်ကို Park Royal ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ကျောင်းသား မိဘများ တက်ရောက်ခဲ့ ကြပြီး ငွေကြေး ကုန်ကျ စရိတ် နှင့် စားဝတ် နေရေး အကြောင်း များကို အသီးသီး ဆွေးနွေးခဲ့ ကြသည်။

အဆိုပါ သင်တန်း ကျောင်းကို တက်ရောက် သင်ကြား ကြမည် ဆိုပါက စုစုပေါင်း ငါးနှစ် တက်ရောက် ရမည် ဖြစ်သည်။ ပထမနှစ် မှ တတိယ နှစ်ထိ ရတနာပုံ မြို့သစ်တွင် တက်ရောက် သင်ကြား ရမည် ဖြစ်ပြီး ကျန် ၂ နှစ်ကို ဘန်ကောက် AIT သို့ သွားရောက် သင်ကြား ရမည် ဖြစ်သည်။ MCC Training Institute (ရတနာပုံ) ၌ သင်တန်း တက်ရောက် ရာတွင် တစ်နှစ်စာအ တွက် ကျပ်သိန်း ၃၀ နှင့် နေထိုင် စားသောက် စရိတ်ကျပ် ၁၀ သိန်း ကျသင့်မည် ဖြစ်သည်။

ဘန်ကောက် AIT သို့ သွားရောက်၍ ကျောင်းတက်ကြ ရာတွင် တစ်နှစ် သင်တန်း ကြေးမှာ ကန်ဒေါ်လာ ၆,၀၀၀ နှင့် နေထိုင် စားသောက် စရိတ် ကန်ဒေါ်လာ ၃,၆၀၀ ခန့် ကျသင့်မည် ဖြစ်သည်။ ပထမဦးဆုံး စတင် ဖွင့်လှစ်သည့်နှစ် ဖြစ်သောကြောင့် ကျောင်းသား ဦးရေ ၁၂ ဦးသာ ကန့်သတ် ထားကြောင်း သိရသည်။ နောက် နှစ်များတွင် ထွန်းဖောင်ဒေးရှင်း နှင့် ပူးပေါင်း၍ ပညာသင်ဆုများ ချီးမြှင့် သွားရန် အစီ အစဉ် ရှိကြောင်း သိရသည်။


၂၆ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats