Navigation - link to other main sections from here


အရွယ် မရောက် သေးသူ ကလေး သူငယ် များအား စစ်မှု ထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီ ညှိနှိုင်း စည်းဝေး ကျင်းပ


အရွယ် မရောက် သေးသူ ကလေး သူငယ် များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီ ညှိနှိုင်းစည်းဝေး ကို ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးချုပ်ရုံး အစည်း အဝေး ခန်းမတွင် (၂၅) ရက်နေ့ နံနက် (၉) နာရီတွင် ကျင်းပ ခဲ့ကြောင်း သတင်း ရရှိပါသည်။အရွယ် မရောက် သေးသူ ကလေး သူငယ် များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီ ညှိနှိုင်းစည်းဝေး သို့ အရွယ် မရောက် သေးသူ ကလေး သူငယ် များအား စစ်မှုထမ်း ခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင် နှင့် ကော်မတီဝင်များ ဖြစ်ကြသော ဒုတိယ ဝန်ကြီးများ၊ ဒုတိယ တရား သူကြီးချုပ်၊ ဒုတိယ ရှေ့နေချုပ် နှင့် တပ်မတော် အရာရှိကြီးများ ၊ အထူး ဖိတ်ကြားထား သူများ တက်ရောက် ခဲ့ကြပါသည်။

ထိုအစည်းအဝေးတွင် အရွယ် မရောက်သေးသူ ကလေး သူငယ် များအား စစ်မှု ထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ် ငွေသိန်း က ကော်မတီ၏ လုပ်ငန်း အခြေ အနေများ ကိုရှင်းလင်း တင်ပြ ပြီး အစည်း အဝေးသို့ တက်ရောက် လာကြသည့် အရွယ် မရောက် သေးသူ ကလေး သူငယ် များအား စစ်မှု ထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီဝင် များက Plan of Action (မူကြမ်း) အပေါ် သုံးသပ်ခြင်း နှင့် ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များ အပေါ် ဆွေးနွေး တင်ပြကြပြီး ညှိနှိုင်းအစည်းအဝေးကို နံနက် (၁၁) နာရီတွင် ရုပ်သိမ်းလိုက် ပါသည်။




၂၆ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats