Navigation - link to other main sections from here


လိုင်စင်မဲ့ မော်တော်ယာဉ် အခွန်ဆောင် ရာတွင် ပြင်ပ ပေါက်ဈေး အနည်းငယ် သာကွာ


ပြည်ပမှ တရား မဝင် တင်သွင်း လာသော ယာဉ်များ ကို ကာလ တန်ဖိုး စိစစ် သတ်မှတ်၍ အခွန် ပေးဆောင်ကာ တရားဝင် လိုင်စင် ရရှိ စေမည့် အစီ အစဉ်ကို အကောင် အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိ ရာတွင် မော်တော်ယာဉ် အမျိုးအစားအ လိုက် သတ်မှတ် တန်ဖိုးနှင့် ပြင်ပ ပေါက်ဈေး နှိုင်းယှဉ်ကြည့် ပါက ဈေးနှုန်း ကွာခြားချက် အနည်းငယ်သာ ရှိကြောင်း ယာဉ်ပိုင်ရှင် များက ပြောကြား သည်။

'လန်ခရူဇာ (၉၈) မော်ဒယ် တစ်စီး တင်သွင်း လာရင် ဗဟိုဘဏ် ပေါက်ဈေး ကျပ်သိန်း (၃ဝဝ) လောက် ရှိတယ်။ ဒီမှာ တရားဝင် လိုင်စင် လုပ်ရင် ကာလ တန်ဖိုး စိစစ် သတ်မှတ်ရေးက (၈၅) ရာခိုင်နှုန်း ကျပ်သိန်း (၁၆ဝဝ) ပေးဆောင် ရတယ်။ ဈေးကွက်ထဲ မှာလည်း အဲဒီ ပေါက်ဈေး သာသာဘဲ ရှိတော့ ဝယ်ရောင်းတွေ မစွန့်စားရဲ တော့ပါဘူး။ ဒီနောက်ပိုင်း နယ်စပ် လမ်းကြောင်းတွေ ပိတ်ထားတယ်။ လက်ရှိ လိုင်စင် လုပ်နေတဲ့ ယာဉ်တွေက အရင် ကတည်းက သွင်းထားတဲ့ ယာဉ်တွေပါ။ အခွန်ကလည်း (၈၅) ရာခိုင်နှုန်း မို့လို့ တော်သေးတယ်။ (၁ဝဝ) ရာခိုင်နှုန်း ဆိုရင် ဈေးပို မြောက်လိမ့်မယ်။

(ကညန) ကလည်း အရင်က (၁၅၁၅ဝဝ) ယူတယ်။ အခု မယူ တော့ဘူး။ အရင်ပေးရတဲ့ သူတွေကို ငွေပြန ပေးတယ်လို့ သိရတယ်။ ကာလ တန်ဖိုး ဖြတ်ရာမှာ ကားကောင်းတာ၊ မကောင်းတာ မကြည့်ဘဲ မော်ဒယ်လ် အလိုက် ဖြတ်တာပါ။ လာပြတဲ့ အထဲမှာ အပေါ်ကားတွေ များတယ်။ အက္ခရာ နံပါတ် (၄ဂ/၂၇ ..) ကျော် နေပါပြီ 'ဟု သင်္ဃန်းကျွန်း မြို့နယ် ကာလ တန်ဖိုး စိစစ် သတ်မှတ်ရေး အဖွဲ့ထံ ယာဉ် လာရောက် ပြသသူ တစ်ဦးက ပြောကြားသည်။

ကာလ တန်ဖိုး စိစစ် သတ်မှတ် ရာတွင် ရန်ကုန်တိုင်း အတွက် မှော်ဘီမြို့နယ်၊ သန်လျင်မြို့နယ် နှင့် သင်္ဃန်းကျွန်း မြို့နယ် တို့တွင် လိုင်စင်မဲ့ ယာဉ်များ လာရောက် ပြသ၍ သတ်မှတ် အခွန်များ ပေးဆောင် ရမည်ဟု သိရသည်။ လာရောက် ပြသသည့် ယာဉ်များကို မြို့နယ် အခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေး ဦးစီး ဌာန နှင့် အကောက်ခွန် ဦးစီး ဌာန တို့မှ တာဝန်ရှိသူ တစ်ဦးစီ ပါဝင်သော အဖွဲ့မှ စိစစ် သတ်မှတ် ပေးလျက် ရှိကြောင်း သိရသည်။


၂၄ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats