Navigation - link to other main sections from here


တိုက်ခန်းများ အရစ်ကျ စနစ်ဖြင့် ၀ယ်ယူ နိုင်ပြီ


အဆင့်မြင့် လူနေ တိုက်ခန်း များကို တစ်လ ငွေကျပ် ခြောက်သိန်း အရစ်ကျ ပေးသွင်း ရုံဖြင့် တိုက်ခန်းပိုင် ဆိုင်နိုင်ပြီ ဖြစ်ကြောင်း ရှိုင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျာ ဦးစိုးမင်းနိုင်က ပြောသည်။ ငွေတန်ဖိုး အလုံး အရင်း အလိုက် ပေးသွင်းစရာ မလို အပ်ဘဲ တစ်လချင်း အရစ်ကျ ပေးချေသော စနစ်ဖြင့် ပေးသွင်း ရမည် ဖြစ်ပြီး ငွေပေးချေမှု အပြီး အစီး ကာလ သည် အနည်းဆုံး အချိန် တစ်နှစ်ခန့် ကြာမြင့်နိုင် မည်ဖြစ်ကြောင်း ဦးစိုးမင်းနိုင်က ဆက်လက် ပြောသည်။

အဆင့်မြင့် တိုက်ခန်း နှင့် ကွန်ဒိုများ ၀ယ်ယူ လိုချင်သူများ အတွက် ငွေအလုံး အရင်းလိုက် ရင်းနှီး မြှုပ်နှံထား စရာ မလိုတော့ဘဲ တစ်လချင်းစီ အလိုက် ၀ယ်ယူသည့် တန်ဖိုး အပေါ် မူတည်၍ သတ်မှတ် ထားသော ပမာဏ အတိုင်း အရစ်ကျ ပေးချေ သွားရမည် ဖြစ်ကြောင်း သိရသည်။ ''တချို့ လူတွေ ဆိုရင် တိုက်ခန်းပိုင် လိုချင် ပေမယ့် ငွေ အလုံး အရင်း အလိုက် မတတ် နိုင်တဲ့ လူတွေများ တယ်လေ။ ဒီမှာ လူတန်းစား မျိုးစုံနဲ့ သင့်တော် တဲ့ဈေးနှုန်းနဲ့ တိုက်ခန်း အမျိုးမျိုး ရောင်းချပေး သွားမှာပါ။ အရစ်ကျ ပေးသွား ရမယ့်ငွေ ကိုတော့ ပုံမှန် ပေးသွင်းသွားရ မယ်။ အိမ်ရာ ပြပွဲတွေ ရှိတိုင်း ဒီလိုမျိုး ပုံစံနဲ့ ရောင်းချ သွား မှာပါ'' ဟု အဆိုပုဂ္ဂိုလ်က ပြောသည်။

ယင်းကဲ့သို့ အရစ်ကျ ရောင်းချမည့် တိုက်ခန်း များနှင့် ကွန်ဒို များ၏ ဈေးနှုန်း သည် တန်ဖိုး သိန်းတစ်ရာ မှ သိန်းတစ် သောင်းထိ ရှိပြီး Customer ရွေးချယ် ၀ယ်ယူခွင့် ရှိကာ တန်ဖိုး အနိမ့်ဆုံး တိုက်ခန်း ဖြစ်ပါက အချိန် ဆယ့်နှစ်လခန့် ပေးချေရ မည်ဖြစ်ကြောင်း သိရသည်။

''လက်ရှိ တိုက်ခန်းတွေ ဆောက်လုပ်ပြီး ရောင်းချဖို့ အလုံး ၃၀ နီးပါးလောက် ရှိတယ်။ အိမ်ရာ ပြပွဲတွေ ပြုလုပ်တိုင်း ရောင်းချသွား မှာပါ'' ဟု ယင်းက ထပ်မံ ပြောသည်။

ယင်းသို့ ရောင်းချ ပေးခြင်းအား ဖြင့် ရောင်းသူနှင့် ၀ယ်သူ နှစ်ဦး အကျိုးရှိ ပြီး ယခင်ကထက် ပို၍ အရောင်း အ၀ယ် ဖြစ်ထွန်းကြောင်း၊ အစုံ အလင် အိမ်ရာ အဆောက် အအုံပြပွဲများ တွင်သာ ရောင်းအား ပိုကောင်းပြီး ဆောက်လုပ်ရေး လုပ်ငန်းများ အနေဖြင့် ယခုနောက်ပိုင်း ကျင်းပသော ပြပွဲ များတွင် မဖြစ် မနေ ပါဝင် ပြသနေ ရကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားသည်။


၂၄ . ၈ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats