
စက်သုံးဆီ ရောင်းချခြင်း လုပ်ငန်းကို ပုဂ္ဂလိကသို့ လုပ်ကိုင် ခွင့်ပြုပြီး ကတည်းက လွတ်လပ်စွာ ရောင်းချ လာခဲ့ရာ ပြဿနာ များစွာ ကြုံတွေ့ခဲ့ ရသည်။ ဈေးကွက် စီးပွားရေး ဖြစ်သဖြင့် မည်သူ မဆို ဝယ်ယူခွင့် ရှိလေရာ တစ်ဆင့် ပြန်ရောင်းစား သူတို့ ဈေးကွက်ကြီး တစ်ခု ဖြစ်လာ ခဲ့သည်။ ဓာတ်ဆီဆိုင် တိုင်း၏ ရှေ့တွင် တန်းစီ နေကြသော ကားများ၊ ဆိုင်ကယ် များကို တစ်မျှော်တစ်ခေါ် တွေ့ရသည်။ ဆိုင်ကယ် အကြီး များဖြင့် တန်းစီလျှင် နှစ်ဂါလန် ရသဖြင့် ဆိုင်ကယ် အကြီးစား များကို အသုံးပြုကာ တန်းစီပြီး တစ်နေကုန် ဝယ်ယူ၍ တစ်ဆင့်ပြန် ရောင်းသော အလုပ်သည် အတော်ပင် တွက်ချေ ကိုက်သော အလုပ် ဖြစ်လာသည်။ ဆိုင်ဖွင့် ကာမှစ၍ တန်းစီလျှင် (၁၄) ကြိမ်ခန့် ထုတ်ယူ၍ ရကြောင်း သိရသည်။ အမှန် တကယ် အသုံး လို၍ ဝယ်ယူ သူများမှာ ထိုမှ တစ်ဆင့် ပြန်ရောင်းသူ တို့ကြောင့် ကြန့်ကြာစွာ တန်းစီ ကြရသည်။ သက်ဆိုင်ရာ ကုမ္ပဏီများ ဘက်ကလည်း နည်းလမ်း အမျိုးမျိုး စဉ်းစားကာ ပြောင်းလဲ လုပ်ဆောင်ခဲ့ ကြသည်။
ယခု အခါ ကဒ် စနစ်ဖြင့် ရောင်းချသည့် ပုံစံကို မိတ်ဆက် လိုက်ပြန် လေပြီ။ DENKO ကုမ္ပဏီ၏ အရောင်းဆိုင် ဖြစ်သော ခင်စောမူကွေ့ ဆီဆိုင်တွင် ဓာတ်ဆီ ဝယ်လို ပါက ဆိုင်မှ ထုတ်ပေးသော ဆီဝယ်ယူခွင့် ကဒ်ကို ကျပ်ငါးဆယ်ဖြင့် ဝယ်ထား ရသည်။ ထိုကဒ် ရရှိရေး အတွက် ဆိုင်ကယ် လိုင်စင် ပြသပြီး လိုင်စင်ပါ အချက် အလက်များ ဖြစ်သည့် ဆိုင်ကယ် အရောင် ဆိုင်ကယ် နံပါတ်၊ ဘောင်အမှတ်၊ ယာဉ် အမျိုးအစား၊ လိုင်စင် သက်တမ်း ကုန်ဆုံးရက် တို့ကို စက်သုံးဆီ ဝယ်ယူခွင့် ကဒ်ပြား ပေါ်တွင် ရေးသား ဖော်ပြ ထားသည်။ လိုင်စင် သက်တမ်း ကုန်ဆုံး နေသော ဆိုင်ကယ်များ ဝယ်ယူခွင့် မရှိပါ။ အဆိုပါ ကဒ်ပြားဖြင့် တစ်နေ့လျှင် တစ်ဂါလန် ဝယ်ယူ နိုင်ကြောင်း ကဒ်ပေါ်တွင် ရိုက်နှိပ် ထားသည်။ ထိုစနစ်ကို သြဂုတ်လ (၁၅) ရက်နေ့ မှစ၍ ကျင့်သုံးသည်။
၂၄ . ၈ . ၂၀၁၀ ကောင်းလွန်း| လျှပ်တပြက်
Hits: |
|
Action: |
| |
0 comments:
Post a Comment