
သြဂုတ် ၁၇ ရက် နေ့တွင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပသည့် အင်ဒိုနီးရှား သမ္မတ နိုင်ငံ လွတ်လပ်ရေးနေ့ အခမ်း အနားတွင် မြန်မာ နိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono က မြန်မာ နိုင်ငံ သို့ အင်ဒိုနီးရှား နိုင်ငံ မှ ဘဏ်ကြီး နှစ်ခု လာရောက် ဖွင့်လှစ်ရန် ညှိနှိုင်း နေကြောင်း ပြောကြား ပါသည်။ ''လာရောက် ဖွင့်လှစ်မည့် အချိန် ကို မပြောနိုင် သေးပေမယ့် ဖြစ်နိုင်အောင် ကြိုးစားနေ ပါတယ်။ နိုင်ငံခြားငွေ လဲလှယ် နိုင်တဲ့ အိပ်ခ်ျချိန်း တွေ မြန်မာ နိုင်ငံမှာ လိုနေ သေးတယ်။ မြန်မာ နိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ အလား အလာ ကောင်းတွေ ရှိနေ သလို ချမ်းသာတဲ့ နိုင်ငံ တစ်ခုလဲ ဖြစ်လာ နိုင်တယ်။ စီးပွားရေး တိုးတက် လာတာနဲ့ အမျှ အိမ်နီးချင်း ထိုင်း နိုင်ငံထက် ချမ်းသာသွား လိမ့်မယ်''ဟု သံအမတ်ကြီးက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံ နှင့် အင်ဒိုနီးရှား နိုင်ငံတို့ သည် လူမျိုး ဓလေ့ စရိုက် အားဖြင့် တူညီမှုများ ရှိသော်လည်း မြန်မာ နိုင်ငံသည် ကုန်းမြေ တစ်ဆက်တည်း တည်ရှိ မှုကြောင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အလား အလာ ကောင်းများရှိသော်လည်း အင်ဒိုနီးရှား သည် ကုန်းမြေများ ပြန့်ကျဲ နေသည့် ကျွန်း များကြောင့် စီးပွားရေး တိုးတက်မှု အတွက် စုစည်း ရရန် အခက် အခဲ ရှိနေသေးကြောင်း သံ အမတ်ကြီးက ထပ်လောင်း ပြောကြား သည်။
၂၃ . ၈ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment