
၎င်း ပါတီ သုံးခုတို့သည် ငွေကြေး အင်အား ၊ ပါတီဝင် အင်အား နှင့် ပြည်သူ့ ထောက်ခံမှု တို့တွင် အခြား ပါတီ များထက် သာလွန် မည်ဟု ထင်မြင်ကြောင်း ဦးအုန်းလွင် က ပြောကြားသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ သည် ဘဏ္ဍာရေး အခြေအနေ တောင့်တင်းပြီး အဖွဲ့ဝင် အင်အား များသည့် ပါတီဖြစ် ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်ဟောင်း တချို့၏ ထောက်ခံ မှုကို ရရှိ နေကြောင်း နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ မှာလည်း အင်အား ကောင်းသော ပါတီ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးအုန်းလွင် ၏ ပါတီမှာ တိုင်း နှင့် ဒေသ ဆိုင်ရာ လွှတ်တော် နှင့် အမျိုးသား လွှတ်တော်တွင် ဦးစားပေး ၀င်ရောက် ယှဉ်ပြိုင် မည်ဟု ပြောကြားကြောင်း မြန်မာတိုင်း (မ်) ဂျာနယ်တွင် ဖော်ပြ ထားသည်။
၂၃ . ၈ . ၂၀၁၀
|

0 comments:
Post a Comment