
ကြွက်နှိမ်နင်းရာတွင် စားပြီး ချက်ချင်း သေစေသည့် အဆိပ်ကျွေးနည်း၊ အချိန်ကြာမှ သေစေသော အဆိပ် ကျွေးနည်း၊ ထောင်ချောက်ဖြင့် ဖမ်းနည်း၊ အမဲလိုက် ခွေးဖြင့် ဖမ်းနည်း၊ တွင်းများကို မီးခိုးမှိုင်း တိုက်နည်း၊ ကန်သင်းရိုး များကို ပလတ်စတစ်ဖြင့် ကာရံ နည်းများကို သုံးစွဲကြ သော်လည်း ကြွက်သေ ချနည်းလောက် အောင်မြင်မှု မရှိကြောင်း ဦးသင်းအောင်က ပြောသည်။
လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီး ဌာန အောက်ရှိ မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်း အောက်ရှိ သီးနှံ ကာကွယ်ရေး ဌာန ခွဲက လွန်ခဲ့သော သီတင်းပတ်များ အတွင်း ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်း တို့တွင် ကြွက်များ သောင်းကျန်းမှုကို ၎င်းနည်းလမ်း အပါအ၀င် အခြား နည်းလမ်းများဖြင့်လည်း နှိမ်နင်း ခဲ့ရာ အကောင်ရေ နှစ်သောင်း နီးပါး ဖမ်းမိ ဖျက်ဆီး နိုင်ခဲ့သည်ဟု အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။
၃ . ၈ . ၂၀၁၀
|

0 comments:
Post a Comment