Navigation - link to other main sections from here


ညောင်တုန်း မြို့တွင် 'ခေတ်သစ် ပြည်သူ့ ပါတီ' မြို့နယ်ရုံး ဖွင့်လှစ်


(၂ဝ၁ဝ) ရွေးကောက် ပွဲတွင် ယှဉ်ပြိုင်မည့် ခေတ်သစ် ပြည်သူ့ပါတီ Modern People Party ၏ ညောင်တုန်းမြို့ နယ် ပါတီ ရုံးခွဲအား (၁၂၊၇၊၂ဝ၁ဝ) ရက်နေ့ နံနက် (၁ဝး၃ဝ) နာရီတွင် ညောင်တုန်းမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဗိုလ်ချုပ် လမ်း၌ အလုပ် အမှုဆောင် အဖွဲ့ဝင် (၁၁) ဦး ပါဝင်သော အဖွဲ့ဖြင့် ဆိုင်းဘုတ်တင် ရုံးဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ အဆိုပါ ညောင်တုန်း မြို့နယ်၊ ခေတ်သစ် ပြည်သူ့ပါတီ မြို့နယ် စည်းရုံးရေး အလုပ် အမှုဆောင် အဖွဲ့အား (၂ဝ၁ဝ) ပြည့်နှစ်၊ ဇူလိုင်လ (၇) ရက် နေ့တွင် စတင် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး မြို့နယ် အတွင်း ဝင်ရောက် ယှဉ်ပြိုင် နိုင်ရေး စည်းရုံး လှုပ်ရှားလျက် ရှိကြောင်း သိရသည်။ ညောင်တုန်း မြို့နယ် အနေဖြင့် ယခင်က တိုင်းရင်းသား စည်းလုံး ညီညွတ် ရေး ပါတီရုံး တစ်ခုသာ ရှိခဲ့ သော်လည်း ယခု အခါ ခေတ်သစ်ပြည်သူ့ပါတီ မှလည်း ဆိုင်း ဘုတ်တင် ရုံးဖွင့်လှစ်ခဲ့ပြီ ဖြစ်၍ ရွေးကောက်ပွဲ ကော်မရှင် တွင် မှတ်ပုံတင် ခွင့်ပြု ပြီးသည့် ပါတီ များစွာ အနက်မှ ညောင်တုန်း မြို့တွင် နိုင်ငံရေး ပါတီ (၂) ခု ဆိုင်းဘုတ် တင်၍ ရုံးဖွင့် လှစ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။


၃ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats