ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်း တို့မှ တိုင်းကျော် တင်ပို့သော ဆန်အိတ်များ အတွက် သြဂုတ်လဆန်းမှ စတင်၍ အိတ်ရေ အလိုက် အခွန် ပေးဆောင် ရတော့မည် ဖြစ်ကြောင်း ဒေသခံ ဆန်စပါး လုပ်ငန်းရှင် များက ပြောသည်။ ထိုကဲ့သို့ တိုင်းကျော် တင်ပို့သည့် ဆန်များကို အိတ်ရေ အလိုက် အခွန် ကောက်ခံရန် အတွက် သက်ဆိုင်ရာ အခွန်ဌာနမှ ဒေသခံ ဆန်စပါး ကုန်သည် အသင်း များသို့ တရားဝင် အကြောင်း ကြားထားပြီး ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ဆီမှာ တော့ သြဂုတ် ၂ ရက်မှာ တိုင်းကျော် တင်ပို့မယ့် ဆန်ကို အိတ်ရေ အလိုက် အခွန် စကောက် ပါတော့မယ်။ ကျွန်တော်တို့ ကတော့ တစ်နှစ်စာ အခွန်ကို ကြိုတင် ပေးထားချင် ပါတယ်။ ဒါပေမဲ့ အခု စနစ်က ကြိုတင်ငွေ သွင်းလို့ မရဘဲ လက်ငင်း တင်တဲ့ ဆန်အိတ် အရေ အတွက် အတိုင်း အခွန် ကောက်ခံမှာ ဖြစ်ပါတယ်”ဟု ဖျာပုံမြို့နယ် ဆန်ကုန်သည်များ အသင်း ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။
ထိုအစီအစဉ်အား တိုင်းမှူး က စီစဉ်ခြင်း ဖြစ်ကာ တစ်အိတ်လျှင် ကောက်ခံမည့် အခွန်နှုန်း ထားမှာ ဆန်ချောကျပ် ၂၀၊ ဆန်ကြမ်း ၁၅ ကျပ်၊ ဆန်ကွဲ ၁၀ ကျပ်တို့ဖြစ်ကြောင်း ယင်းက ဆက်လက် ရှင်းပြသည်။ ထိုကဲ့သို့ တိုင်းကျော် တင်ပို့သည့် ဆန်များကို အိတ်ရေ အလိုက် အခွန်ကောက်ခံရန် အကြောင်း ကြားထားပြီး ဖြစ်ကြောင်း ကဝမြို့နယ်မှ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းဝင် ဆန်ကုန်သည် ဦးအောင်သိုက်က ပြောသည်။ “ကျွန်တော်တို့ဆီကို အကြောင်း ကြားစာ ပို့ထား ပါတယ်။ တစ်အိတ်ကို ကျပ် ၁၅၀ လို့ သိရတယ်” ဟု ပြောသည်။ အခွန် ကောက်ခံ ရာတွင် မြို့နယ် မယက၊ အခွန်ဦးစီးဌာန၊ ပြည်ထဲရေး နှင့် ဆန်စပါး အသင်းမှ ကိုယ်စားလှယ်တို့ ပူးပေါင်း ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
၅ . ၈ . ၂၀၁၀
|

0 comments:
Post a Comment