Navigation - link to other main sections from here


လိုင်စင်မဲ့ ကားအစီး ၃၀ ကျော် တရားဝင် လိုင်စင် ပြုလုပ်ပြီး


ရန်ကုန်မြို့ရှိ တရားမဝင် တင်သွင်း ထားသော ယာဉ်များအား ကာလ တန်ဖိုး စိစစ် သတ်မှတ်ရေး အဖွဲ့က ဇူလိုင်လ ကုန်ပိုင်း အထိ ပြည်ပမှ တရားမဝင် တင်သွင်း လာသော မော်တော်ယာဉ် (လိုင်စင်မဲ့ ကားများ) အစီး ၃၀ ကျော်ကို တရားဝင် လိုင်စင်များ ထုတ်ပေးပြီး သွားပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း အခွန် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ပြည်ပမှ တရားမဝင် တင်သွင်းထားသော မော်တော်ယာဉ် များကို တရားဝင် လိုင်စင် ပြုလုပ် ရာ၌ ကာလ တန်ဖိုး စိစစ် သတ်မှတ်ရေး အဖွဲ့ ထံတွင် ယာဉ်တန်ဖိုး စိစစ်သတ်မှတ် ခံပြီးနောက် ၎င်းမှ သတ်မှတ်သော တန်ဖိုး၏ ၈၅ ရာခိုင်နှုန်းကို အခွန်ဌာနက သတ်မှတ်ထားသော ဘဏ်တွင် ပေးဆောင်ရသည်။ ၈၅ ရာခိုင်နှုန်း ပေးဆောင်ပြီးပါက ငွေသွင်းသည့် ချလံဖြင့် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် တရားဝင် လိုင်စင် ပြုလုပ် ရသည်။

“အရင်က လိုင်စင်လုပ်တဲ့ ကားတွေအနေနဲ့ ၈၅ ရာခိုင်နှုန်း အပြင် က.ည.န မော်တော်ယာဉ် လိုင်စင်အတွက် ကျပ်ဆယ့် ငါးသိန်း တစ်သောင်း ငါးထောင် ( ၁,၅၁၅,၀၀၀ကျပ်) ပေးရတယ်။ အခု ဇူလိုင်လ ကုန်ပိုင်း ကစပြီး ၈၅ ရာခိုင်နှုန်းမှ အပ မည်သည့် အခွန်မှ မပေးရ တော့ဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။ ထိုသို့ ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ယာဉ်စစ်ဆေးမှု ဆိုင်ရာ ကုန်ကျ စရိတ်နှင့် လိုင်စင် နံပါတ်ပြား အတွက် ပေးဆောင် နေရသော ၁,၅၁၅,၀၀၀ ကျပ်ကို ပေးဆောင်စရာ မလိုတော့ခြင်းမှာ အခွန်ဦးစီဌာနသို့ ပေးဆောင်သော ၁၅ ရာခိုင်နှုန်းကို က.ည.န သို့ ပေးနေခြင်းကြောင့် ဖြစ်သည်ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောကြားသည်။

ယခု သတ်မှတ် ထားသော ၈၅ ရာခိုင်နှုန်း မှာ ကား အမျိုး အစားအလိုက် သတ်မှတ်ခြင်း ဖြစ်သည်။ ကာလ တန်ဖိုး စိစစ်ရေး အဖွဲ့ကို ဇူလိုင်လ ၁ ရက်မှ စတင် ဖွဲ့စည်း ခဲ့ပြီး ဇူလိုင်လ ၂၃ ရက်တွင် မော်တော်ယာဉ် များကို စတင် လိုင်စင် ထုတ်ပေး ခဲ့ကြောင်း သိရသည်။ ထို အဖွဲ့များကို ရန်ကုန်တိုင်း အတွင်း၌ သုံးဖွဲ့ ခွဲ၍ ဆောင်ရွက်လျက် ရှိပြီး စည်ပင်သာယာ နယ်နိမိတ် အတွင်းတွင် သင်္ဃန်းကျွန်း မြို့နယ် အခွန် ဦးစီး ဌာနရုံး၊ စည်ပင် ပြင်ပမှာ သန်လျင်မြို့နယ် အခွန် ဦးစီးဌာန နှင့် မှော်ဘီ အခွန် ဦးစီး ဌာနတို့၌ လက်ခံ ဆောင်ရွက် ပေးနေကြောင်း သိရသည်။ ၎င်းလိုင်စင် ထုတ်ပေး ခြင်းကို ရန်ကုန်မြို့အပြင် ခရိုင်ရုံး စိုက်ရာ မြို့အားလုံး၌ ရုံးများ ဖွင့်၍ ဆောင်ရွက် ပေးနေပြီ ဖြစ်ကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထား ပါသည်။


၅ . ၈ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats