စားနပ်ရိက္ခာ ဖူလုံမှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (Food Security Working Group-FSWG) တွင် အဖွဲ့ဝင် အဖြစ် ၀င်ရောက် နိုင်ပြီး စာကြည့်တိုက် တွင်လည်း၊ ထပ်မံ ၀င်ရောက် နိုင်ကြောင်း အဖွဲ့၏ စီမံကိန်း ညှိနှိုင်းရေးမှူး ဒေါက်တာ ဥမ္မာခိုင်က ပြောကြားသည်။ တစ်ဦးချင်း ဖြစ်စေ၊ NGO တစ်ဖွဲ့ချင်း ဖြစ်စေ၊ INGO တစ်ဖွဲ့ချင်း ဖြစ်စေ၊ ၀င်ရောက် နိုင်ပြီး အဖွဲ့ဝင်ကြေးများမှာ တစ်နှစ်လျှင် တစ်ဦးချင်း အမေရိကန် ၂၅ ဒေါ်လာ၊ NGO တစ်ခုလျှင် ဒေါ်လာ ၁၅၀ နှင့် INGO တစ်ခုလျှင် ဒေါ်လာ ၅၀၀ ဖြစ်သည်။ စာကြည့်တိုက် ၀င်ကြေးမှာ လူတစ်ဦး အတွက် ခြောက်လလျှင် ကျပ် ၃,၀၀၀ ဖြစ်သည်။ စာကြည့်တိုက်မှ တစ်ကြိမ်လျှင် စာအုပ် နှစ်အုပ် ငှားနိုင်ပြီး စားနပ် ရိက္ခာ ဖူလုံမှု ဆိုင်ရာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အသက်မွေး ၀မ်းကျောင်း ဆိုင်ရာ စာအုပ် စာတမ်းများ ၆၀၀ ကျော် ရှိကြောင်း ဒေါ်ဥမ္မာခိုင်က ပြောကြားသည်။စားနပ် ရိက္ခာ ဖူလုံမှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့၊ အဖွဲ့ဝင်များ အတွက်မူ စားနပ်ရိက္ခာ ဖူလုံမှု ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ နှင့် သတင်း အချက် အလက် ဖလှယ်ခြင်းများ၊ အဖွဲ့ဝင်များ အချင်းချင်း ထဲမှ ပညာရပ် ဆိုင်ရာ ကျွမ်းကျင်သူက သင်တန်းပေးခြင်း များကို လစဉ်ပြုလုပ်ပေးနေသည်။
၂၀၀၃ ခုနှစ်က စတင်ခဲ့သော FSWG တွင် လတ်တလော တစ်ဦးချင်း၊ NGO နှင့် INGO အဖွဲ့ဝင်ပေါင်း ၄၈ ဖွဲ့ရှိကြောင်း၊ ပုဂ္ဂလိက၊ ကဏ္ဍကိုလည်း ဖိတ်ခေါ်ကြောင်း ဒေါ်ဥမ္မာခိုင်က ပြောသည်။ "စားနပ်ရိက္ခာ လုံခြုံရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်က ဘာတွေလိုအပ်တယ်၊ ပြည်သူတွေက ဘာတွေလိုအပ်တယ်၊ NGO တွေက ဘာတွေကို သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီး လုပ်ပေး နိုင်မလဲ ဆိုတာမျိုး ဆွေးနွေးကြတယ်"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောကြား သတင်း ရရှိသည်။ စားနပ်ရိက္ခာ ဖူလုံမှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (Food Security Working Group-FSWG) အကြောင်းကို အသေးစိတ် သိရှိလိုပါက http://www.myanmarfswg.net ၀င်ရောက် ကြည့်ရှု နိုင်သည်။
၃ . ၈ . ၂၀၁၀
|

0 comments:
Post a Comment