နည်းပညာ ခေတ်ကြီးထဲမှာ အင်တာနက် စာမျက်နှာ အများ အပြားက အသုံးပြုသူ များရဲ့ စိတ်ကို ဖမ်းစား နေကြ ပါတယ်။ Online အသုံးပြု သူများ အတွက် မိမိတို့ သိလိုရာ အကြောင်း အချက် များကို ရှာဖွေ စူးစမ်း နိုင်ခြင်း၊ သတင်း အချက် အလက် နှင့် နည်းပညာ များကို ကြည့်ရှု လေ့လာ နိုင်ခြင်းတို့ အပြင် မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစု နှင့် ဝေးကွာ နေသူများ အတွက် အချိန်နှင့် တစ်ပြေးညီ ဆက်သွယ် ပြောဆို နိုင်ခြင်း များကလည်း ယနေ့ အင်တာနက်ရဲ့ ကောင်းကျိုး အဖြာဖြာ အဖြစ် တွေ့မြင် နေရ ပါတယ်။ ခေတ်စားနေတဲ့ အင်တာနက် စာမျက်နှာများ အနက် ပြည်တွင်း၊ ပြည်ပ အနုပညာရှင် အများစု နှစ်ခြိုက်စွာ အသုံးပြု နေကြတဲ့ နာမည်ကျော် လူမှုကွန်ရက် Website ဖြစ်သော Facebook အင်တာနက် စာမျက်နှာ ကတော့ အင်တာနက် အသုံးပြုသူများ သာမက မြန်မာနိုင်ငံ မှ နာမည်ကြီး အနုပညာရှင် များစွာလည်း ပရိသတ် များစွာနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံ နိုင်ခွင့်၊ အနုပညာရှင် များရဲ့ ဓာတ်ပုံ များကို မျှဝေ ပြသ နိုင်ခွင့် များကြောင့် လတ်တလော ရေပန်းစား နေတာကို တွေ့ရပါတယ်။ ပြည်ပရောက် အနုပညာရှင်များ သာမက ပြည်တွင်း မှ အနုပညာရှင် များစွာ အတွက် လည်း Up Date ဖြစ်စေသော ဓာတ်ပုံ များနှင့် သတင်း အချက် အလက် များကို ဖော်ပြ နိုင်သည့် အတွက် ပရိသတ် များရဲ့ တုံ့ပြန် ဝေဖန်မှု များကို အလွယ် တကူ သိရှိ နိုင်ကြ ပါတယ်။
Facebook စာမျက်နှာ ပေါ်သို့ ရောက်ရှိ နေကြတဲ့ မြန်မာ နိုင်ငံမှ အောင်မြင် ကျော်ကြားသော အနုပညာရှင်များ စာပေပညာရှင် များကို လက်လှမ်း မီသလောက် ရွေးချယ် တင်ပြလိုက် ပါတယ်။ နာမည်ကြီး စာရေးဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်)၊ ဆရာမ လမင်းမိုမို၊ ဆရာ ဦးဝင်းငြိမ်း၊ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ နန္ဒာလှိုင်၊ အကယ်ဒမီ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်၊ ဆုပန်ထွာ၊ သင်ဇာဝင့်ကျော်၊ ဂျင်းနီ၊ ရဲလေး၊ မိုးဟေကို၊ ဝိုင်းစုခိုင်သိန်း၊ ဇူးဇူးမောင်၊ ဟဲလေး၊ စည်သူလွင်၊ သီရိရှင်းသန့်၊ သက်သခင်၊ မေဆွိ၊ ဟိန်းဝေယံ၊ ဒါရိုက်တာညိုမင်းလွင် အစရှိသူများ အပါအဝင် နေမင်း၊ Smile၊ မင်းထက်ကျော်ဇင်၊ သဲနုဝါ၊ အေးဝတ်ရည်သောင်း၊ တင်မိုးလွင် နာမည်ကျော် ဓာတ်ပုံဆရာ ဖေမြင့်ဦး၊ ဒါရိုက်တာ စင်ရော်မောင်မောင်၊ ဆုရွှန်းလဲ့၊ မိုးဟေ ကိုတို့လည်း Facebook စာမျက်နှာများ ထက်မှာ တွေ့မြင်နေရ ပါတယ်။
အချို့သော စာရေးဆရာများရဲ့ နာမည်များမှာ Facebook စာမျက်နှာ ပေါ်တွင် တွေ့မြင် နေရသော်လည်း ကိုယ်တိုင် အသုံးပြုခြင်း မဟုတ်ဘဲ ပရိသတ်များမှ အသုံးပြုကာ ဓာတ်ပုံများ၊ အနုပညာ လှုပ်ရှားမှု များကို ဖော်ပြ ပေးနေ ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Facebook တွင် ပရိသတ် အများဆုံး ရရှိထားသော အနုပညာရှင် များကို ထုတ်ပြန် ကြေညာ ခဲ့ရာ အဆိုပါ ထုတ်ပြန် ကြေညာမှု အရ ပေါ့ပ် အဆိုကျော် ဘရစ်တနီ စပီးယား၏ နေရာကို ရယူ ခဲ့သော ပေါ့ပ် အဆိုတော် လေဒီဂါဂါက အမေရိကန် သမ္မတ ဘားရတ် အိုဘားမား ထက်ပင် ပရိသတ် အများဆုံး ရရှိ ခဲ့တာကို တွေ့ရ ပါတယ်။ လေဒီဂါဂါသည် Facebook တွင် ပရိသတ် (၁ဝ) သန်း ရရှိ ခဲ့သည့် ပထမဦးဆုံးသော အနုပညာရှင် ဖြစ်လာ ခဲ့ပြီ။ လေဒီဂါဂါသည် အိုဘားမားကို သာမက ပေါ့ပ်ဘုရင် ဖြစ်သည့် မိုက်ကယ် ဂျက်ဆင် ရရှိခဲ့သော ပရိသတ် အရေ အတွက် ကိုလည်း ကျော်လွန် ရရှိတာကို တွေ့ရပါတယ်။ ဗြိတိန် အခြေစိုက် Famecount မှ ကောက်ယူ ရရှိခဲ့သော Facebook တွင် လေဒီ ဂါဂါက ပရိသတ် (၁ဝ) သန်း (၇) သိန်းကျော်ဖြင့် နံပါတ်(၁)၊ ဗင်ဒီဇယ်လ်က (၁ဝ) သန်း (၁) သိန်း ကျော်ဖြင့် နံပါတ်(၂)၊ အိုဘားမားက ပရိသတ် (၉) သန်း ကျော်ဖြင့် နံပါတ်(၃) မီဂန်ဖောက်စ်က ပရိသတ် (၈) သန်း ကျော်ဖြင့် နံပါတ(၄)၊ ဟုခ်ျလောရင့်က ပရိသတ် (၇) သန်း ကျော်ဖြင့် နံပါတ်(၅) Linkin Park အဖွဲ့က ပရိသတ် (၇) သန်း ကျော်ဖြင့် နံပါတ် (၆)၊၊ လိုင်းဝိန်းနီက ပရိသတ် (၆) သန်း ကျော်ဖြင့် နံပါတ်(၇)၊ ရော်နယ်လ်ဒိုက ပရိသတ် (၆)သန်းကျော်ဖြင့် နံပါတ်(၈)၊ ဂျက်စတင်ဘိုင်ဗာက ပရိသတ် (၆) သန်းကျော်ဖြင့် နံပါတ် (၉)၊ တေလာဆွစ်က ပရိသတ်(၆)သန်းကျော်ဖြင့် နံပါတ် (၁ဝ) နေရာတွင် ရှိခဲ့ကြပြီး မြန်မာ အနုပညာရှင် များကိုမူ စစ်တမ်း ကောက်ယူမှု မရှိသေးတာကို တွေ့ရပါတယ်။ Facebook စာမျက်နှာ ထက်မှာ ပရိသတ် များစွာ ရရှိနေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှ သရုပ်ဆောင် ဆုပန်ထွာ ကလည်း Facebook အသုံးပြုနေရခြင်း အကြောင်းကို အခုလို ပြောကြားခဲ့ ပါတယ်။
သရုပ်ဆောင် ဆုပန်ထွာ
Facebook က မပန်လည်း အားတဲ့ အချိန် ဆိုရင် သုံးပါတယ်။ အမှန် တကယ် ဆိုရင် ပုံတွေ အများကြီး တင်ရ မှာပေါ့။ တစ်ခါ တလေ အားတဲ့ အချိန်ဆိုရင် တင်ထား လိုက်တယ်။ ဒါပေမဲ့ Upload လုပ်ရတာ အရမ်းကြာတော့ အဆင် မပြေတာ လေးတွေ ရှိတယ်။ Facebook မှာ ကောင်းကျိုး လေးတွေပဲ ရှိတယ်။ ပရိသတ် တွေရဲ့ အကြံဥာဏ် ပေးစာတွေ၊ မိတ်ဆက် စာတွေ အမြဲ လာတာ ပဲလေ။ တစ်ခါတလေ မိတ်ဆက် စာတွေ အရမ်း များတဲ့ အခါမှာ ဖတ်ဖြစ် တာလည်း ရှိတယ်။ မဖတ်ဖြစ်တဲ့ စာတွေလည်း ရှိတဲ့ အတွက် စာ မပြန်နိုင်တာ ပိုများတယ်။ ပရိသတ်က ဘာပြောချင်လဲ ချက်ချင်း သိရ သလို မပန် ပြောချင် တာလည်း ချက်ချင်း ပြန်ရေး လို့ရလို့ သဘော အရမ်းကျတယ်။ ပရိသတ်နဲ့ အဆက် မပြတ်တဲ့ အတွက် Facebook ကို ကြိုက်တယ်။
မြန်မာနိုင်ငံမှ ကာယ အလှမယ် တစ်ဦး ဖြစ်တဲ့ အပြင် သရုပ်ဆောင် တစ်ယောက် အဖြစ်ပါ နာမည်ရ လာတဲ့ ခွန်းဆင့် နေခြည်က Facebook မှာ ပရိသတ် များစွာ ရှိနေပါပြီ။
သရုပ်ဆောင် ခွန်းဆင့်နေခြည်
အစ်မက Facebook ကို တစ်ခါ တလေမှပဲ သုံးဖြစ်တယ်။ Facebook သုံးတဲ့ အတွက် အပေါင်း အသင်း ပိုများမယ်။ ကိုယ့်ကို နှစ်သက်တဲ့ ပရိသတ် တွေနဲ့ အလွယ် တကူ စကား ပြောလို့ ရတယ်။ အသိ ဥာဏ်တွေ ပိုတိုး တာပေါ့။ ကိုယ့်ရဲ့ ဓာတ်ပုံတွေ ကိုလည်း ပရိသတ် အတွက် တင်ပြ နိုင်တဲ့ စာမျက်နှာ လေးပါ။ ဆိုးကျိုး ကတော့ Facebook မှာ ရှိနိုင်တယ်။ အစ်မတို့ ပုံတွေကို Tagged လုပ်ယူပြီး ဖြတ်၊ ညှပ်၊ ကပ်လုပ်ကြတာတွေ ရှိတယ်။ ကိုယ် မလုပ်ပဲနဲ့ ခံလိုက်ရတာတွေ လည်းရှိပါတယ်။ Celebrity တစ်ယောက် အတွက် ဆိုရင်တော့ Facebook စာမျက်နှာက မသမာသူတွေ လုပ်ကြရင် အန္တရာယ် ဖြစ်နိုင်တာပေါ့။
လန်ဒန် နိုင်ငံတွင် မိသားစု များနှင့် အတူ နေထိုင်ရင်း သမီး နှစ်ယောက် မိခင်ဘဝသို့ ရောက်ရှိနေပြီဖြစ်တဲ့ တစ်ချိန်က စူပါမော်ဒယ် Smile ကလည်း Facebook မှာပရိသတ် (၃၃၅)ယောက်ကို လက်ခံရရှိနေသူဖြစ်ပါတယ်။ ပရိသတ်များအတွက် မမေ့မလျော့ တွေ့ဆုံ စကားပြောနေဆဲ Smile ရဲ့ Facebook အသုံးပြု ဖြစ်ပုံ က-
သရုပ်ဆောင် Smile
Smile အနေ နဲ့ကတော့ Facebook ပေါ်မှာ သူငယ်ချင်း တွေနဲ့လည်း တွေ့နိုင်တယ်။ သူတို့ ဘာတွေ လုပ်နေလည်း ဆိုတာလည်း သိရတယ်။ Smile တွေလည်း ကစားလို့ ရတယ်လေ။ Facebook စာမျက်နှာမှာ ကောင်းကျိုး တွေက အခု လူတွေ ဘာဖြစ် နေကြလည်း ဘာကို စိတ်ဝင်စား နေကြလည်း ဆိုတဲ့ ခေတ် ရေစီးကြောင်း ကို လိုက်နိုင် တာပေါ့။ မကောင်းတာ ကတော့ တစ်ချိန်လုံး ဒီမှာပဲ နေပြီး ဘာမှ မလုပ်ဘဲ အချိန်တွေ ဖြုန်းနေ တာတွေ၊ လူတွေနဲ့လည်း မတွေ့၊ ပတ်ဝန်းကျင် ကိုလည်း ဂရုမစိုက် တော့ဘဲ Facebook ပေါ်မှာပဲ အချိန်ကုန် နေကြတဲ့ လူတွေ အများကြီး ပဲလေ။ အနုပညာရှင်တွေ အတွက် ကောင်းတဲ့ အချက်က ပရိသတ် တွေနဲ့က အမြဲတမ်း ထိတွေ့ နိုင်တယ်။ ကိုယ့်ရဲ့ အနုပညာ အပေါ် အကြံဥာဏ်တွေ ပေးနိုင်တယ်။ Comment တွေကို ဖတ်ပြီး ဘယ်လို ပြင်ဆင်သင့်တယ် ဆိုတာကို သိနိုင် တာပေါ့။ ဓာတ်ပုံတွေ ကတော့ ကိုယ့်ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ အတွက် တင်ဖြစ် တာပါ။ အင်တာနက် စာမျက်နှာက အနုပညာရှင်တွေ အတွက်မှ မဟုတ် ပါဘူး။ အားလုံး အတွက် ကောင်းပါတယ်။ အင်တာနက်ကို အကျိုး ရှိရှိ အသုံးချ တတ်မယ် ဆိုရင် ကိုယ့် အတွက် အရမ်းကို ကောင်းပါတယ်။ ပညာရေး၊ လူမှုရေး အားလုံးကို အကျိုး ရှိရှိ အသုံးပြု နိုင်တယ် လေ။
သားသမီး နှစ်ယောက်ရဲ့ ဖခင်ကောင်း အိမ်ထောင် ဦးစီးကောင်း တစ်ယောက် အဖြစ် တာဝန်ကျေပွန် နေဆဲ အကယ်ဒမီ မင်းမော်ကွန်း ကိုလည်း Facebook စာမျက်နှာ ထက်မှာ နာမည် အရင်း 'ကျော်ကျော်ဌေးလွင်' ဖြင့် တွေ့မြင် နေရတာကြောင့် မေးမြန်း ကြည့်ခဲ့ရာ-
အကယ်ဒမီ မင်းမော်ကွန်း
ကျွန်တော်က အစကတည်းက အင်တာနက်လည်း သုံးတယ်။ Facebook ကတော့ Game ကစားဖို့ပဲ သုံးဖြစ် တာပါ။ ကောင်းကျိုး တွေက အများကြီး ရှိနေ တာပဲလေ။ အင်တာနက် စာမျက်နှာကြောင့် မကောင်း တာတွေလည်း အများကြီး ဖြစ်နိုင် ပါတယ်။ အထူးသဖြင့် အနုပညာရှင်တွေ အတွက် ပေါ့ဗျာ။
မင်းသား မင်းသမီး ဒါရိုက်တာ မော်ဒယ်လ် တို့၏ Facebook များ
- ကျော်သူ
- စင်ရော်မောင်မောင်
- မင်းမော်ကွန်း
- နေတိုး
- ကျော်ကျော်ဗို
- မင်းထက်ကျော်ဇင်
- ရဲတိုက်
- မိုးယံဇွန်
- ကောင်းခန့်
- နန္ဒလှိုင်
- စမိုင်း
- တင်မိုးလွင်
- တင့်တင့်ထွန်း
- ထွန်းအိန္ဒြာဗို
- သန္တာလှိုင်
- ၀တ်မှုန်ရွှေရည်
- ဖွေးဖွေး
- နန်းစုကေဆွမ်
- နန်းစုရတီစိုး
- နှင်းဝတ်ရည်သောင်း
- အေးဝတ်ရည်သောင်း
- သင်ဇာဝင့်ကျော်
- စန္ဒီမြင့်လွင်
- ၀ိုင်းစုခိုင်သိမ်း
- ခိုင်သင်းကြည်
- မော်ဖူးမောင်
- မြလေး
- ထက်မိုးမြင့်
- ဇင်ဇင်
- အိမ့်ဖူးငယ်
- အေပရယ်လ်စော
- အေးမြတ်သီဟန်
- New Juliet
- Magnolia Ci
- Snow Silver
- သီရိရှင်းသန့်
- ခင်နန်းထိုက်
- ပိုးလေး
- ချစ်လေး
- နဒီထွဋ်ုဆွေ
- ဆုကဗျာ
- ၀င်းထွဋ်ုတာယာ
- ပပ၀င်း
- ဆုပန်ထွာ
- မေသက်ခိုင်
- ပြည့်ဖူးခိုင်
- ချစ်သုဝေ
- ချောရတနာ
- ရဝေအောင်
- မယ်လိုဒီ
အဆိုတော်တို့၏ Facebook များ
- ဟန်ထွန်း
- စည်သူလွင်
- ဆောင်းဦးလှိုင်
- Cobra
- စောညီညီ
- ကျော်ထွဋ်ုဆွေ
- အနဂ္ဂ
- ခန့်ဖြိုး
- သံသာဝင်း
- ရည်မွန်
- မေစပါယ်ညို
- မေဆွိ
- တင်ဇာမော်
- သီရိဂျေမောင်မောင်
- လေးလေးဝါး
- အေးချမ်းမေ
- ကဗျာဘွဲ့မှူး
- Nကိုင်ရာ
၇ . ၈ . ၂၀၁၀
|

0 comments:
Post a Comment