
အဆိုပါ ယာဉ် ရှစ် မိနစ်ကြာ မီးလောင်ကျွမ်း မှုကြောင့် ကားရှေ့ တာယာ နှစ်လုံး နှင့် ကားကူရှင်များ မီးလောင်ကျွမ်း ခဲ့ပြီး နံနက် ၉ နာရီ ၁၀ မိနစ်တွင် မီးငြှိမ်း နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"အဓိက ဖြစ်ကြ တာက ခရီးသည် အပြိုင် အဆိုင် ရလို ဇောနဲ့ ကားကို ပြိုင်မောင်း ကြတာကြောင့် ဖြစ်ကြတာ။ ကျန်တဲ့ ယာဉ် နှစ်စီးက ခရီးသည်ရော ယာဉ်မောင်း တွေပါ ဘာမှ မဖြစ်ကြ ပါဘူး။ ဒီ တစ်စီးတည်း ဖြစ်တာ။ မီးလောင်လို့ ဆုံးရှုံးတဲ့ တန်ဖိုးက ကျပ်တစ်သိန်းခွဲ ၀န်းကျင်လောက် ရှိမယ်"ဟု ၎င်းက ပြောသည်။
ယာဉ် တိမ်းမှောက် မှုကြောင့် ခရီးသည် ၁၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ရာ အတွင်းလူနာ အဖြစ် ၁၀ ဦး နှင့် အပြင် လူနာ အဖြစ် ငါးဦးအား အင်းစိန် ဆေးရုံကြီးသို့ ပို့ဆောင် ကုသ ခဲ့သည်။ ၇၉ ယာဉ်လိုင်းမှ ယာဉ်မောင်း ကျော်ဇောအား ပ-၄၁၄/၂၀၁၀ ပုဒ်မ ၂၈၅/၃၃၈/၂၇၉/၂၀၂ ဖြင့် အရေးယူ ထားကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။
၇ . ၈ . ၂၀၁၀
|

0 comments:
Post a Comment