Navigation - link to other main sections from here


နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင်၏ သား 7 Day Shopping Guide ဂျာနယ် ထုတ်ဝေ


နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဝင်းအောင် ၏ သား ဖြစ်သူ ကိုသောင်းစုငြိမ်း အယ်ဒီတာချုပ် အဖြစ် တာဝန် ယူမည့် 7 Day Shopping Guide (၇ ရက် ဈေးဝယ် လမ်းညွှန် ဂျာနယ်) ကို ၂ဝ၁ဝ ခုနှစ် သြဂုတ်လ (၉) ရက်နေ့မှ စတင်၍ ထုတ်ဝေ တော့မည် ဖြစ်ကြောင်း အယ်ဒီတာချုပ် ကိုသောင်းစုငြိမ်း မှ (၂ဝ၁ဝ) ဇူလိုင် (၂၄) ရက်နေ့က မီဒီယာ တွေ့ဆုံ ရှင်းလင်း ပွဲတွင် ပြောဆို သွားသည်။ 7 Day Shopping Guide ဂျာနယ် သည် People မဂ္ဂဇင်း၊ 7 Day News ဂျာနယ် နှင့် 7 Day Sports ဂျာနယ် များ နှင့် အင်တာနက် ဂျာနယ် တို့ကို ထုတ်ဝေ နေသော မြန်မာ နိုင်ငံသား ရာနှုန်းပြည့် ပိုင်ဆိုင်သော ဂျာနယ် ဖြစ်သည်။ 7 Day Shopping Guide ဂျာနယ် ကို အယ်ဒီတာချုပ် အဖြစ် တာဝန် ယူမည့် ကိုသောင်းစုငြိမ်း သည် ကွယ်လွန်သူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဝင်းအောင် ၏ သားဖြစ်ပြီး သူ၏ မီဒီယာသမား ဘဝကို အိုင်တီ သမား ဘဝ နှင့် စတင်ခဲ့ သည်ဟု မီဒီယာများ ရှေ့တွင် ပြောဆို သွားသည်။ 7 Day Shopping Guide ဂျာနယ်ကို စောင်ရေ (၂၅ဝဝဝ) ဖြင့် စတင် ထုတ်ဝေမည် ဖြစ်ပြီး ရောင်းဈေး (၄ဝဝ) ကျပ်ဖြင့် ဖြန့်ချိ မည်ဟု ၄င်းက ဆိုသည်။ ဂျာနယ် မိတ်ဆက်ပွဲ အခမ်း အနား တွင် ဂျာနယ်၌ ထည့်သွင်းမည့် ကြော်ငြာ အရွယ် အစားနှင့် ကြော်ငြာ ဈေးနှုန်းများ ကိုလည်း တရားဝင် ကြေညာ သွားကြောင်း လျှပ်တပြက် ဂျာနယ် တွင်လည်း ဖော်ပြထား သည်။ ဂျာနယ် လောကတွင် မိမိတို့ ထုတ်ဝေသော ဂျာနယ် စောင်ရေကို တရားဝင် ပြောဆိုဖို့ ရှောင်လွှဲ ကြချိန် တွင် 7 Day Shopping Guide ဂျာနယ်သည် စတင် ထုတ်ဝေမည့် စောင်ရေကို တရားဝင် ပြောဆိုခဲ့သည်။


၇ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats