Navigation - link to other main sections from here


ရှစ်လေးလုံး၂၂ နှစ်ပြည့် အခမ်း အနား ဘန်ကောက်တွင် ၃ နေရာ ကျင်းပ


မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ၂၂ နှစ် ပြည့် အခမ်း အနား များအား ထိုင်းနိုင်ငံ နှင့် ကမ္ဘာ့နိုင်ငံ အသီသီးတွင် တပြိုင်တည်း ကျင်းပ ကြကြောင်း သိရှိ ရသည်။ယမန်နေ့ နံနက်ပိုင်း ရှစ်နာကျော် ခန့်က ဘန်ကောက် အခြေစိုက် ဘားမား ဒီမိုကရက်တစ် နိုက်တ၀ပ် BDN အဖွဲ့ ခေါင်းဆောင် ၄ ဦးတို့ ဘန်ကောက်မြို့ မြန်မာသံရုံးမှ တဆင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံသို့ အိပ်ဖွင့် ပေးစာ တစ်စောင် ပေးပို့ ခဲ့သည်။ သံရုံး လုံခြုံရေး တာဝန်ကျ လုံခြုံရေး ထိုင်းအရာရှိများ ထံမှ တစ်ဆင့် ပေးပို့ ခဲ့သည်။ ထို့ နောက် မြန်မာသံရုံး ဂိတ်ပေါက်တွင် ၈၈၈၈ လေးလုံး အထိမ်း အမှတ် ဓါတ်ပုံများအား မြန်မာသံရုံး နံရံတွင် ကပ်ထားခဲ့ ကြသည်။

နေလယ် ဆယ်တစ်နာရီ အချိန်တွင် အဆိုပါ BDN အဖွဲ့ကပင် ဘန်ကောက်မြို့ ဘန်ဘော် ငါးသေတ္တာ အလုပ်ရုံရှိ မြန်မာ အလုပ်သမားများ စာကြည့်တိုက် အခန်း တွင် ရှစ်လေးလုံးနေ့ အထိမ်း အမှတ် ဟောပြောပွဲ ကျင်းပခဲ့ ကြသည်။ BDN ဘားမား ဒီမိုကရက်တစ် နိုက်တ၀ပ် အဖွဲ့ တွင်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ထိုင်း) ၊ ပြည်ပရောက် အမျိုးသားေ ကျာင်းသားများ အဖွဲ့၊ ရခိုင် ၀ံသာနု စာပေ အသင်း နှင့် ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသား အသင်းတို့ ပါဝင်သည်။ အဆိုပါ အဖွဲ့ သည် ယခင်နှစ်များ က ဘန်ကောက် မြန်မာ သံရုံး ရှေ့တွင် ရာချီရှိသည့် မြန်မာများ စုပေါင်း ဆန္ဒပြခဲ့ ကြသော်လည်း ယခု နှစ်တွင် ထိုင်းလုံခြုံရေး ခွင့်ပြုချက် မရသဖြင့် လူ ၄ ဦးသာ ခွင့်ပြု ခဲ့သည်။

ငါးသေတ္တာရုံ ဟောပြော ပွဲတွင် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် မင်းပြား မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဝင်း တက်ရောက် ဟောပြော ခဲ့သည်။ ဦးထွန်းဝင်းက “ နအဖ စစ်အစိုးရ ဟာ ၁၉၉၀ ပြည့် ရွေးကောက် ပွဲကို အကောင် အထည် ဖေါ်ဖို့ ကိစ္စကို လိမ်ညာ နေတယ်။ ခုလည်း စစ်အာဏာ ရှင် စနစ် ရာသက်ပန် တည်မြဲရေး အတွက် နာဂစ် ဖွဲ့စည်းပုံနဲ့ ခုထိ နေ့ရက် မသတ်မှတ် သေးတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဆိုပြီး ထပ် လိမ်ဖို့ ကြိုးစား နေတယ်။ ဂတိမတည် သစ္စာမရှိတဲ့ နအဖ ရဲ့ရွေးကောက်ပွဲကို အားလုံး ၀ိုင်းဝန်း ဆန့်ကျင် ကြဖို့  ရှစ်လေးလုံး ၂၂ နှစ် နှစ်ပတ်လည် နေ့မှာ ပြည်တွင်းက တိုင်းသူ ပြည်သား တွေကို အထူး မေတ္တာ ရပ်ခံလို ပါတယ်”ဟု ပြောဆို သွားသည်။

မွန်တည့် ချိန်တွင် ဘန်ကောက် အခြေစိုက် မြန်မာ နိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မီတီ နှင့် မြန်မာ့ အရေး လှုပ်ရှားသည့် နိုင်ငံ တကာ အဖွဲ့ အစည်း အချို့တို့ ပူးပေါင်း၍ ချူလာလောင်ကွန်း တက္ကသိုလ် တွင် အခမ်း အနား တစ်ရပ် ကျင်းပ ခဲ့သည်။ နိုင်ငံခြားသား အပါ အ၀င် မြန်မာ ကျောင်းသား အချို့ နှင့် မြန်မာ အလုပ်သမား အချို့ စုစုပေါင်း အင်အား ၁၀၀ ကျော် ၀န်းကျင်ခန့် တက်ရောက်ခဲ့ ကြသည်။

အဆိုပါ ဟောပြောပွဲသို့ တက်ရောက် ဟောပြော ခဲ့သည့် အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ ဥက္ကဌ ထိုင်း အထက် လွှတ်တော် အမတ် ခရိုင်ဆတ်က “ မြန်မာ နိုင်ငံမှာ ယခု ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာ့ နိုင်ငံရေး အရှုတ် အထွေးကို ဖြေရှင်း နိုင်မယ့် ရွေးကောက်ပွဲ မဟုတ်ဘူး၊ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ ညှိုနှိုင်း တိုင်ပင် ပြီးမှ တိုင်းပြည်ရဲ့ အသွင် ကူးပြောင်း ရေးကို ငြိမ်းချမ်းတဲ့ နည်းနဲ့ စဉ်းစား သင့်တယ်လို့ မြင်ပါတယ်” ဟု ပြောဆို သွားသည်။

အလားတူ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဟောပြောပွဲကို ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င အခြေစိုက် GHRE အဖွဲ့ ကလည်း ဒေသတွင်း အလုပ်သမားများ အား ရှစ်လေးလုံး အကြောင်း အရာများအား ဟောပြော ခဲ့ကြကြောင်း သိရှိ ရသည်။ ထိုင်း - မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများနှင့် မဲဆောက်မြို့ တို့တွင်လည်း ရှစ်လေးလုံး နှစ်ပတ်လည် အထိမ်း အမှတ် ပွဲများ ကျင်းပ ခဲ့ကြကြောင်း သိရှိ ရသည်။


၉ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats