Navigation - link to other main sections from here


အင်းလေးကန် ရေရှည်တည်တံ့ရေး အဆိုပြုလွှာ စာတမ်းများ FREDA က အတည်ပြုခဲ့


အင်းလေကန် ရေရှည် တည်တံ့ရေး အတွက် စာတမ်းများ ဖိတ်ခေါ် ခဲ့ရာ ဆွေးနွေး တင်ပြသူများ၏ အဆိုပြု လွှာ အချက်များ ထဲမှ အဆိုပြုလွှာ ၃၀ ကို လက်တွေ့အတည်ပြုနိုင် ခဲ့သည်ဟု FREDA အသင်းမှ သိရသည်။ အင်းလေးကန် ရေရှည် တည်တံ့ရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ဌာနဆိုင်ရာ အာဏာပိုင်များ၊ ပညာရှင်များ၊ ဒေသ ခံများ၊ စီးပွားရေး လုပ်ငန်း ရှင်များ နှင့် NGO များ စုပေါင်း၍ ယခုလဆန်း ပိုင်းက တောင်ကြီးမြို့ မြို့တော် ခန်းမတွင် ကျင်းပ ခဲ့ရာ အ ဖွဲ့ အသီးသီးက စာတမ်းပေါင်း ၃၀ ကျော် ဖတ်ကြား ခဲ့ပြီး အဆိုပြုချက် ၆၀ ကျော်တင် သွင်းခဲ့ကြောင်း သိရသည်။ ထို အဆိုပြုချက်များ ထဲမှ အဆိုပြုလွှာ ၃၀ ကို လက်တွေ့ အကောင် အထည်ဖော်မည့် စီမံကိန်း (Action Plan) အဖြစ် အတည်ပြု နိုင်ခဲ့သည် ဟု ဆိုသည်။

အင်းလေးကန် အတွင်း ရေနည်း ပါးမှုကို ဖြည့်ဆည်း ပေးနိုင်ရန် အဓိက ချောင်းကြီး များတွင် ရေကူ ရေလှောင် တမံစနစ် တည်ဆောက်ရန် နှင့် အင်းလေးကန် ဧရိယာကို သတ်သတ် မှတ်မှတ် ဖြစ်စေရန်နှင့် ပြန် လည် တိုင်းတာ သတ်မှတ်ရန် တို့ကိုလည်း အကောင် အထည် ဖော်ရန် အတည်ပြုခဲ့ သည်ဟု FREDA အသင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အတည်ပြုချက် ၃၀ တွင် ကန်ရေထု ညစ်ညမ်းမှုကို ကာကွယ် ပေးရန် အတွက် အင်းလေးကန် အတွင်းနှင့် ပတ်ဝန်းကျင် ရေဝေ ရေလဲ ဒေသ များတွင် ဓာတုဓာတ် မြေသြဇာ နှင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေး များသုံးစွဲမှု လျှော့ချပြီး သဘာဝ သြဂဲနစ် မြေသြဇာ နှင့် ပိုးသတ်ဆေး အစားထိုး သုံးစွဲ ရေးတို့လည်းပါဝင်ကြောင်း သိရသည်။ အင်း လေးကန် အတွင်း သားငါးများ၊ ငှက်များ ထိန်းသိမ်းရေး အတွက် သင့်လျော်သော နယ်နိမိတ် ဧရိယာများ သတ်မှတ်ပေး ရန်လည်း အတည် ပြုခဲ့သည်ဟု ဆိုသည်။

ထို့အပြင် အင်းလေးကန် ဒေသ တစ်ဝိုက်တွင် မိုးလေ၀သ ပတ်သက်သည့် ပညာရှင် အဖွဲ့ တစ်ဖွဲ့ တည်ထောင်ကာ အချက် အလက် တိတိ ကျကျ ကောက်ယူ စုဆောင်း သွားနိုင်ရေး၊ ဟိုတယ် အသစ် ဧရိယာ တိုးချဲ့မည့် ကိစ္စများ ကိုလည်း ခွင့်ပြုချက် ရယူပြီးမှ ဆောင်ရွက်ရန် စသည့် အချက်များ ကိုလည်း သတ်မှတ် ခဲ့သည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး အတွက် ဥပဒေ မူကြမ်း ရေးဆွဲလျက် ရှိရာ ယင်း ဥပဒေ အတည်ပြုပြီး ပါကလည်း အင်းလေကန ရေရှည် တည်တံ့ရေး အတွက် ဒေသ ဆိုင်ရာ ဥပဒေတစ်ရပ် ရေးဆွဲ ပြဋ္ဌာန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။


၃ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats