Navigation - link to other main sections from here


ရွှေဆိုင်ရှိ စီစီတီဗီ ကင်မရာကြောင့် ရွှေခိုးသူများ ဖမ်းမိ


ရန်ကုန်မြို့ အတွင်းရှိ ရွှေဆိုင်များ လုံခြုံရေး အတွက် ဝန်ထမ်းများ ထားရှိသည့် အပြင် CCTV (Closed Circuit Television) ကင်မရာများ တပ်ဆင်၍ လုံခြုံရေး တင်းကျပ် ထားသော ကြောင့် ရွှေခိုးသူ များကို ပြန်လည် ဖမ်းမိကြောင်း ရွှေဆိုင် အများ စုက ပြောဆိုသည်။ ကျွန်မတို့ ဆီမှာ ရွှေဆိုင် လုံခြုံရေး အတွက် ယောကျာ်း လေး ဝန်ထမ်းတွေ တော်တော် များများ ခန့်ထားတယ်။ ဒါ့အပြင် CCTV ကင်မရာ တွေကို လည်း နေရာ အနှံ့ တပ်ထားတော ရွှေခိုးသွားတဲ့ သူတွေကို CCTV က ပြန်ကြည့်ပြီး ပြန်ဖမ်းမိ တယ်ဟု လမ်းမတော် မြို့နယ်ရှိ ရွှေဆိုင် တစ်ဆိုင်က ပြောသည်။

ယခုအခါ ရွှေဆိုင် များတွင် CCTV ကင်မရာများ သာမက လုံခြုံရေး ဝန်ထမ်းများပါ ထားရှိ သော်လည်း ရွှေခိုးသူ အချို့က ခိုးယူ နေကြဆဲ ဖြစ်သည်ကို တွေ့ရှိရပြီး ရွှေခိုးယူ သူများမှာ ယခင်က အဆိုပါ ဆိုင်များတွင် ဝယ်ယူဖူး သူများ ဖြစ်ပြီး အချို့မှာ ရွှေခိုးယူပြီး တစ်လခန့်အကြာတွင် အဆိုပါ ဆိုင်များတွင် ပြန်လည် လာရောက် ဝယ်ယူစဉ် ဖမ်းမိခြင်း ဖြစ်သည်။ ကျွန်တော်တို့ ဆိုင်မှာက အရင်ကလည်း ဝယ်ဖူးတဲ့ သူပဲ ၊ အဲဒီလူက ဆွဲကြိုး တစ်ကျပ်သား တစ်ကုံး လုပ်ပြီး နောက်နေ့မှာ မကြိုက်လို့ ဆိုပြီး ပြန်လာ လဲတယ်။ အဲဒီမှာ သူလိုချင်တဲ့ ပုံစံတွေကို ထုတ်ပြရင်းနဲ့ ဆွဲကြိုး တစ်ကုံးကို ယူထား လိုက်ပြီး အရင်ဆွဲကြိုးပဲ ယူတော့မယ် မလဲတော့ဘူး ဆိုပြီး ပြန်သွားတယ်၊ ညနေ ရောက်တော့ ပစ္စည်းတွေ ပြန်စစ်တော့ ဆွဲကြိုးတစ်ကုံး ပျောက်နေတာနဲ့ CCTV ကိုပြန်ကြည့်တော့မှ ခိုးခံ လိုက်ရမှန်း သိတာဟု ပန်းဘဲတန်း မြို့နယ် အတွင်းရှိ ရွှေဆွဲကြိုး ခိုးယူ ခံရသော ရွှေဆိုင်က ပြောသည်။

အဆိုပါ ဆိုင်မှ ခိုးယူသွားသူ၏ လိပ်စာ နှင့် အမည်အား ကြည့်ရာ ယခင်ကလည်း ဝယ်ယူဖူးသူ ဖြစ်သောကြောင့် လိပ်စာ အတိုင်း တာဝန် ရှိသူများက လိုက်လံ စုံစမ်းရာမှ ပြန်လည် ရရှိခဲ့ကြောင်း ၄င်းက ဆိုသည်။ ခိုးသွားတဲ့ သူက ကန်ထရိုက် တစ်ယောက်ရဲ့ ဇနီးပဲ သူက ဘာပြောလဲ ဆိုတော့ လွယ်ရင် သူကြွယ်တောင် မနေဘူးလို့ ပြန်ပြော သေးတယ်။ အခုတော့ ရွှေဆိုင် လုံခြုံရေးကိုလည်း ပိုတင်းကျပ် ထားတယ်ဟု ၄င်းက ရှင်းပြသည်။ ရွှေနန်းတော် စိန် ရွှေရတနာဆိုင် တွင်လည်း ယခင်က ရွှေခိုး သူများအား CCTV ကင်မရာမှ တစ်ဆင့် ကြည့်၍ ပြန်လည် ဖမ်းဆီး ရမိမှုများ ရှိခဲ့ကြောင်း ရွှေ ဆိုင်များ အနေဖြင့် လုံခြုံရေးအား အထူး ဂရုပြု သင့်ကြောင်း အဆိုပါ ဆိုင် မန်နေဂျာက ပြောပါသည်။

ကျွန်မတို့ ဆိုင်မှာ ရွှေခိုးတဲ့ သူက CCTV ကင်မရာက တစ်ဆင့် ကြည့်ပြီး ပြန်ဖမ်းမိ ခဲ့ပါတယ်။ သူက ရွှေ ၃ ကျပ်သား ခိုးတာ၊ ခိုးပြီးသွားတော့ နောက်တစ်ကြိမ် ဒီဆိုင်ကိုပဲ ပြန်လာတော့ သူရဲ့ပုံကို မှတ်မိတဲ့ အတွက် ပြန်ဖမ်းမိတယ်။ ဆိုင်မှာ ယောကျာ်းလေး ဝန်ထမ်းတွေ လည်း ခန့်ထားတော့ ရွှေခိုး တဲ့သူတွေ နည်းနည်း အဟန့်အတား ဖြစ်ပါတယ်ဟု ၄င်းက ဆိုသည်။ ယခုလ ၁၀ ရက်တွင်လည်း ကျောက်တံတား မြို့နယ်ရှိ ရွှေဆိုင် တစ်ဆိုင်တွင် ရွှေလက် ကောက် (၂၁ သိန်းတန်) တစ်ကွင်း ပျောက်ဆုံး သွားပြီး ဆိုင်တွင် တပ်ဆင် ထားသော CCTV မှတ်တမ်းအား ပြန်လည် ကြည့်ရာမှ အမျိုးသမီး တစ်ဦးသည် ရွှေထည် ပစ္စည်း ထည့်ထား သည့် ပုံးအား ကျော်၍ အတွင်းသို့ နှိုက်ယူ နေသည်ကို တွေ့ရှိရသောကြောင့် သက်ဆိုင်ရာသို့ တိုင်ကြားရာ သက်ဆိုင်ရာမှ အမှုဖွင့် စုံစမ်းလျက် ရှိသည်။

၃ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats