Navigation - link to other main sections from here


DKBA တပ်ဖွဲ့ အချို့ နယ်ခြား စောင့်တပ် ရာထူး အပ်ပွဲ ကျင်းပ


ငြိမ်းအဖွဲ့ တခု ဖြစ်သော တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင် အမျိုးသား အစည်း အရုံး DKBA မှ တပ်ဖွဲ့ဝင် အချို့အား နယ်ခြား စောင့်တပ် အဖြစ် ပြောင်းလဲ ရာထူး ပေးအပ် ပွဲကို ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ မြိုင်ကြီးငူ ဒေသ တွင် ကျင်းပခဲ့ ပါသည်။

ထို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ရာထူးပေး အပ်ပွဲ အခမ်း အနားသို့ ကာကွယ်ရေး ၀န်ကြီး ဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် ၊ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း ၊ ကရင်ပြည်နယ် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်း ၊ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် လှရွှေ ၊ ပြည်သူ့ စစ်နှင့် နယ်ခြား တပ်များ ညွန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်အုန်း ၊ ပြည်သူ့ ဆက်ဆံ ရေးနှင့် စိတ်ဓါတ် စစ်ဆင်ရေး ညွန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် သန်းစိုး ၊ ငွေစားရင်းရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် လှိုင်မြင့် နှင့် DKBA မှ ဒုတိယ ဥက္ကဌ ဦးကျော်သန်း တို့ တက်ရောက်ခဲ့ ကြကြောင်း သတင်း ရရှိပါသည်။

ထို နယ်ခြားစောင့်တပ်တွင် အရာရှိ အဆင့် ၁၈ ဦး၊ အခြား အဆင့် ၃၀၈ ဦး ပါဝင်ပြီး တပ်မှူးမှာ အပစ်ရပ် အဖွဲ့မှ ဖြစ်သော်လည်း စစ်တပ်မှ ဗိုလ်မှူး အဆင့်ရှိ အရာရှိ တဦး၊ ဗိုလ်ကြီး အဆင့်ရှိသူ ၂ ဦး နှင့် အခြား အဆင့်ရှိ ၂၇ ဦးတို့ ပါဝင်သည်။



၁၈ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats