Navigation - link to other main sections from here


ဩဂုတ်လ ၂၁ ရက်နေ့တွင် သီတဂူ တရားပွဲ အင်းစိန် (ဗဟို) ထောင်တွင် ကျင်းပမည်


သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရ (Ph.D,D.Litt) သည် ဩဂုတ်လ ၂၁ ရက်နေ့တွင် အင်းစိန် (ဗဟို) ထောင် အတွင်း တရား ဟောပြောမည် ဖြစ်ကြောင်း သီတဂူ အပြည်ပြည် ဆိုင်ရာ သာသနာပြု အဖွဲ့မှ အတွင်းရေးမှူး ဦးဟန်က ပြည်တွင်းထုတ် မြန်မာတိုင်း(မ်) ဂျာနယ်သို့ ပြောကြား ကြောင်း သတင်း ရရှိ ပါသည်။"ဓမ္မ ကုသိုလ် အဖြစ် ဆရာတော်ကြီးက ဦးဆောင် လုပ်တာပါ၊ အကျဉ်း ဦးစီး ကလည်း ခွင့်ပြုတယ်။ မနက်ပိုင်းမှာ အကျဉ်းထောင်က ထောင်သား အားလုံးကို ၉,၀၀၀ လို့တော့ စာရင်း ရထားတယ်၊ ထမင်းကျွေးမယ်၊ အင်္ဂလိပ် ဆေးဝါး၊ မြန်မာ ဆေးဝါး၊ ဘာလချောင်ကြော်၊ သရက်သီးသနပ်၊ မုန့်ထုပ်တွေ၊ နောက် မျက်နှာသုတ်ပ၀ါ စတဲ့ သူတို့ လိုအပ်တဲ့ အသုံး အဆောင် ပစ္စည်း လေးတွေ ဝေမယ်။ သီတဂူရဲ့ ရန်ပုံ ငွေနဲ့ လှူမှာပါ၊ နောက် ဒါကို သိလို့ သီးသန့် လှူကြတဲ့ အလှူရှင် တွေလည်း ပါတယ်။ သိန်း ၅၀၀ ဖိုးလောက် ရှိမယ်၊ နေ့လယ် မှာ ဆရာတော်ကြီးက တရားဟောပြီး ညနေစာလည်း တစ်ခါ ထပ်ကျွေးဦးမယ်"ဟု ဦးဟန်က ပြောကြားကြောင်း သိရှိရ ပါသည်။

၁၆ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats