Navigation - link to other main sections from here


ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရန် မြန်မာ - ထိုင်း ပူးပေါင်း


ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်မှု အတွက် မြန်မာ- ထိုင်း ပူးပေါင်း အဖွဲ့ ဖွဲ့စည်း လိုက်ကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာတွင် ဖော်ပြ ထားသည်။ ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရန် အတွက် မြန်မာ-ထိုင်း ပူပေါင်းပြီး တည်ဆောက်ရေး အဖွဲ့ (၃) ဖွဲ့ကို ကချနာ ဘူရီတွင် စတင် ဖွဲ့စည်း ခဲ့ကာ အခြေခံ တည်ဆောက်ရေး လေ့လာ ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။ ထိုင်း စက်မှု လက်မှု ကောင်စီ ဥက္ကဋ္ဌ ဖြစ်သူ ဆင်တန်ချာရို ချိုင်ချာနာက ပူးပေါင်း အဖွဲ့ များသည် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင်မှ ၄င်းတို့ သက်ဆိုင်ရာ နေရာများသို့ ကွင်းဆင်း လေ့လာမှုများ ပြုလုပ် နေပြီ ဖြစ်ကြောင်း ဩဂုတ် ၈ ရက်က ပြောကြား ခဲ့သည်။

ထားဝယ်- ကချနာဘူရီ လမ်း ဖွင့်လှစ် ပြီးနောက် နယ်စပ် ကုန်သွယ်ရေး နှင့် ခရီးသွား လုပ်ငန်း တိုးတက်ရေးကို အကောင် အထည်ဖော် ဆောင်ရွက်ရန် ပူးပေါင်း အဖွဲ့ (၃) ဖွဲ့အနက် ပထမ အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။ ဒုတိယ အဖွဲ့မှာ ပြောင်းဖူး၊ နာနတ် နှင့် ရာဘာပင် များကို မြေငှား စနစ်ဖြင့် စိုက်ပျိုးရေး အကောင် အထည်ဖော် ဆောင်ရွက်ရန် တာဝန် ယူထားသည်။ ကချနာဘူရီရှိ ထိုင်း ကြည်းတပ် လေဆိပ်ကို အများ ပြည်သူသုံး လေဆိပ် အဖြစ် ပြောင်းလဲရန် အတွက်ကိုမူ တတိယ အဖွဲ့က အကောင် အထည် ဆောင်ရွက်ဖော် သွားမည် ဖြစ်သည်။

အဆိုပါ လေဆိပ် အကောင် အထည် ဖော်ပြီး ပါက ကူမင်၊ တရုတ် - ချင်းမိုင် က ချနာဘူရီ - ထားဝယ်၊ ထားဝယ် ကချနာဘူရီ - ဒါနန်၊ ဗီယက်နမ် နှင့် ထားဝယ် - ကချနာဘူရီ - ဟတ်ယိုင် - စင်ကာပူ လေကြောင်း ခရီးစဉ် သစ်များကို တိုးချဲ့ ပျံသန်း ပေးမည် ဖြစ် သည်။ မစ္စတာဆင်က ထားဝယ် ရေနက် ဆိပ်ကမ်း အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက် နိုင်ပါက ထိုင်းနိုင်ငံ အနေဖြင့် ဒေသတွင်း အရှေ့ နှင့် အနောက် နိုင်ငံများ ကုန်သွယ် မှုနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ အတွက် အချက်အချာ ကျသော နိုင်ငံ အဖြစ် ဂုဏ်ယူ နိုင်မည် ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။ အဆိုပါ ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက် မှု အကောင် အထည်ဖော် ဆောင်ရွက်မှုအား ထားဝယ် ကချနာဘူရီ အဝေးပြေး လမ်းမ ဖောက်လုပ် ခြင်းဖြင့် စတင်မည် ဖြစ်သည်။


၁၉ . ၈ . ၂၀၁၀


Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats